တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သောNUG လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်များအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကိုဗစ်-၁၉ ကုသရေးဆေးရုံနှင့် စင်တာများအား နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး သယ်ဆောင်လာသည့်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။

ဧပြီလ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ရေဦး-တန့်ဆည်သွား ကားလမ်းမကြီးပေါ် တပင်ရွှေထီးလမ်းဆုံနှင့် ရွှေဥယျာဉ်စားသောက်ဆိုင်ရှေ့၌ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအားစိစစ်၍ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်းများကို ဆောင်ရွက်ပေးနေစဉ် ကာကွယ်ဆေးထိုးပေးသည့် နေရာ၏ တောင်ဘက် ၄၅ ကိုက်ခန့်အကွာ လမ်း၏ယာဘက်မှ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်း ၃ ဦး၏ မျက်နှာ၊ လက်နှင့် ရင်ဘတ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာအချို့ရရှိခဲ့ကာ ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး၏ ဝဲဘက်တံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ပါသည်။

ထိုသို့ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ဧပြီလ ၈ ရက်တွင် တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့မှ ဝန်ထမ်း၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့။

Add new comment