ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကို ဧပြီလ ၈ ရက်တွင် ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းအကောင်အထည်ဖော်ရေး၊ ရထားလမ်းကွန်ရက်အဆင့်မြှင့်တင်ရေး၊ ကုန်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်ရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
- ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရဲတပ်ဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊နယ်နိမိတ်မှတ်တိုင်များဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်း ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းအကောင်အထည်ဖော်ရေး၊ ရထားလမ်းကွန်ရက်အဆင့်မြှင့်တင်ရေး၊ ကုန်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်ရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
- ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေး၊ ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ နယ်နိမိတ် မှတ်တိုင်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်း နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment