မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ဧပြီလ ၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒုတိယအဆင့်ပေးအပ်ရေးဆိုင်ရာ Con-sultative Meeting ကျင်းပမည့်ကိစ္စနှင့် ဒုတိယအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရာတွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေးကိစ္စများအတွက် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

  • ဧပြီလ ၈ ရက်တွင် မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ကျင်းပခဲ့။

Add new comment