နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၈ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နောင်တရားမြို့ရှိ အဆိုပါ စက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် လက်ဖက်ရွက်စိမ်းများအား ဘတ်ကွန်ပေယာဇယားအတွင်းသို့ ထည့်သွင်း၍ စက်ရုံအားစတင်လည်ပတ်စေခဲ့ပြီး စက်ရုံအတွင်း သစ်သီးအခြောက်ခံမှုလုပ်ငန်းအဆင့်ဆင့်နှင့် လက်ဖက်အချိုခြောက်ထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှု၍ စက်ရုံမှဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့် အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ (နောင်တရား)ကို ဖွင့်လှစ်ခြင်းဖြစ်၍ ပအိုဝ်းဒေသတိုင်းရင်းသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် နေ့တစ်နေ့ဖြစ်ကြောင်း။
  • လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)ကို တည်ဆောက်ပြီး တန်ဖိုးမြင့် လက်ဖက်အချိုခြောက်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် နောင်တရားနှင့် ပင်လောင်းဒေသအနီး ပတ်ဝန်း ကျင်မှ ထွက်ရှိသည့် လက်ဖက်ရွက်စိမ်းများကို ထွက်ရှိသလောက် ဆွတ်ခူးရောင်းချနိုင်မှာဖြစ်ပြီး ဒေသခံလက်ဖက်စိုက် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
  • ဒေသအတွင်း၌ စိုက်ပျိုးသည့် အသီးများကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ သစ်သီးခြောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ဝင်ငွေပိုမို တိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း။
  • လက်ဖက်အချိုခြောက်ထုတ်လုပ်ရာတွင် မိရိုးဖလာထုတ်လုပ်မှု Orthodox နည်း စနစ်နှင့် CTC ခေတ်မီနည်းစနစ်ဟူ၍ နည်းစနစ် ၂ မျိုးရှိသည့်အနက် ယခုစက်ရုံ၏ တပ်ဆင်ထားသည့်စနစ်မှာ CTC (Crush-Tear-Curl) စနစ်ဖြစ်ပြီး လက်ဖက်အချိုခြောက်၏ အရည်အသွေးကို မြင့်မားစွာထုတ်လုပ်နိုင်သည့်အပြင် အလေအလွင့်နည်းပါးစွာဖြင့် ထုတ်လုပ်နိုင်မှာဖြစ်သည့်အတွက် စီးပွားရေးအရ ပိုမိုတွက်ချေ ကိုက်မှာ ဖြစ်ကြောင်း။
  • ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား) ဒေသ၊ ပင်လောင်းဒေသနှင့် အနီးဝန်းကျင်ဒေသ များတွင်ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွားစေရန်ဖြစ်ကြောင်း။
  • အဆိုပါ စက်ရုံသည် ဒေသအတွက် အများနှင့်သက်ဆိုင်သော ပထမဆုံးတစ်ခုတည်း သောစက်ရုံကြီးဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဖြစ်ပေါ် လာမည့် အသီးအပွင့်အခွင့်အလမ်းများကို လက်ဝယ်ပိုင်ပိုင်ရယူကြရန် တစ်နည်းအားဖြင့် မိမိလုပ်အားနှင့်ညီမျှသည့် ငွေကြေးထုတ်ပေးရာ စက်ရုံလည်းဖြစ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုသော စက်ရုံ၏ ရေရှည်ရပ်တည်နိုင်ရေး မိမိ ပိုင်စက်ရုံကဲ့သို့သဘောထား၍ ဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဆိုပါ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော နိုင်ငံခြားသားပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)မှ တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက်ဖြင့် လက်ဖက် ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့။
  • လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား)ဒေသ၊ ပင်လောင်းဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွားစေရန်ဖြစ်
  • အဆိုပါစက်ရုံမှ တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက်ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလို ဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည်ဖြစ်။

Add new comment