နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဧပြီလ ၈ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ရာ-

  • ကိုဗစ်-၁၉ ကပ်ရောဂါ၏ရိုက်ခတ်မှုကြောင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများသည် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကမ္ဘာ့နိုင်ငံများအပေါ် အနည်းနှင့်အများ ဆိုသလို သက်ရောက်မှုရှိခဲ့၍ ရှမ်းပြည်နယ်အနေဖြင့်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလအတွင်း ရည်မှန်းထားသည့် GDP အောက်လျော့နည်းမှုဖြစ်ခဲ့ကြောင်း။
  • ရှမ်းပြည်နယ်၏ မြေအသုံးချမှုတွင် မြေဧက ၃၈ ဒသမ ၅ သန်းကျော်အနက် အသား တင်စိုက်ပျိုးမြေမှာ ၃ ဒသမ ၁ သန်းဧကကျော်ရှိ၍ ၁၀ ရာခိုင်နှုန်း ခန့်သာရှိသဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချ နိုင်ရန်လိုကြောင်း။
  • ဒေသအလိုက် စားရေရိက္ခာ ဖူလုံစေရေးအတွက် မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းစနစ်တို့ မှန်ကန်ကောင်းမွန်စွာဖြင့် ဒေသအလိုက်သတ်မှတ်ထားသော အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
  • ဒေသတွင်း သီးနှံအထွက်ဖူလုံမှသာ ပြင်ပသို့တင်ပို့ရောင်းချနိုင်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိမှုမှတစ်ဆင့် ငွေကြေးလည်ပတ်စီးဆင်းမှု မြင့်မားစေမည်ဖြစ်ကြောင်း။
  • အလားတူ မွေးမြူရေးကဏ္ဍတွင်လည်း အသား၊ ငါးနှင့် ဥထုတ်လုပ်မှုများကို ဖူလုံရန်အပြင် ပိုလျှံအောင်ကြိုးပမ်းရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကိုလည်း စွမ်းဆောင်ရည်မြင့်နည်းပညာများဖြင့် ပြန်လည် အသုံးချနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သည့် ဆီ ၂ ဆီကိစ္စနှင့်ပတ်သက်၍လည်း စားသုံးဆီ အသုံးပြုမှုကို လျှော့ချရန်လိုသလို ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရန်လိုအပ်ကြောင်း။
  • ပြည်တွင်းဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သကဲ့သို့ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်၍ နိုင်ငံခြားငွေသုံးစွဲမှုကို အတိုင်း အတာတစ်ခုအထိ ချွေတာနိုင်မည်ဖြစ်ကြောင်း။
  • ကုန်စည် ထုတ်လုပ်ရာတွင် ကုန်ကြမ်းရောင်းချခြင်းထက် နည်းပညာဖြင့်ကြံဆ၍ တန်ဖိုးမြှင့်ထွက်ကုန် (Value added) ရရှိရန်ကြိုးစားရမည်ဖြစ်ကြောင်း။
  • ဌာနဆိုင်ရာများတွင် နိုင်ငံတော်အတွက် လုပ်ငန်းအရ ဝင်ငွေရှာဖွေပေးသောဌာနနှင့် ဝန်ဆောင်မှုပေးသောဌာနဟူ၍ရှိပြီး ဝင်ငွေရှာဖွေပေးရသောဌာနများအနေဖြင့်လည်း မှန်မှန်ကန်ကန်ဖြင့်ဆောင်ရွက်ရန်လိုပြီး အခွန်အခမှစ၍ ဝင်ငွေရလုပ်ငန်းများအား အပြည့်အဝရရှိရေး တိကျမှန်ကန်စွာ ဆောင်ရွက်သွားရန်လိုသလို မလိုအပ်ဘဲ အသုံးစရိတ်များခြင်း၊ ပြုန်းတီးခြင်းမရှိအောင်လည်း စိစစ်သုံးစွဲကြရမှာဖြစ်ကြောင်း။
  • ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်မှုတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် မဖြစ်မနေလိုအပ်၍ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာပါတီများ၊ NCA လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးရန်ညှိနှိုင်းဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံတို့နှင့်ထိစပ်သော နယ်နိမိတ်များရှိ၍ ဌာနအကြီးအကဲများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မထိခိုက်စေရန်နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ ပါ နိုင်ငံခြား ရေးမူဝါဒကို သိရှိလိုက်နာရန်လိုကြောင်း။
  • ရှမ်းပြည်နယ်အနေဖြင့် နိုင်ငံတော်၏စီးပွားရေးကို အဓိကအထောက်အကူပြုသည့် ပြည်နယ်ဖြစ်အောင် ဖော်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး စုပေါင်းညီညာစွာဖြင့် မဆုတ်မနစ် ကြိုးစား သွားကြရန်လိုကြောင်း ပြောကြားခဲ့။

အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • ရှမ်းပြည်နယ်၏ မြေအသုံးချမှုတွင် မြေဧက ၃၈ ဒသမ ၅ သန်းကျော်အနက် အသားတင် စိုက်ပျိုးမြေမှာ ၃ ဒသမ ၁ သန်းဧကကျော်ရှိ၍ ၁၀ ရာခိုင်နှုန်း ခန့်သာရှိသဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချ နိုင်ရန်လို။
  • ဒေသတွင်း သီးနှံအထွက်ဖူလုံမှသာ ပြင်ပသို့တင်ပို့ရောင်းချနိုင်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိမှုမှတစ်ဆင့် ငွေကြေးလည်ပတ်စီးဆင်းမှု မြင့်မားစေမည်ဖြစ်။
  • ကုန်စည်ထုတ်လုပ်ရာတွင် ကုန်ကြမ်းရောင်းချခြင်းထက် နည်းပညာဖြင့်ကြံဆ၍ တန်ဖိုးမြှင့် ထွက်ကုန် (Value added) ရရှိရန်ကြိုးစားရမည်ဖြစ်။
  • ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံတို့နှင့်ထိစပ်သော နယ်နိမိတ်များရှိ၍ ဌာနအကြီးအကဲများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မထိခိုက်စေရန်နှင့် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁ ပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လို။
  • ရှမ်းပြည်နယ်အနေဖြင့် နိုင်ငံတော်၏စီးပွားရေးကို အဓိကအထောက်အကူပြုသည့် ပြည်နယ်ဖြစ်အောင် ဖော်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး စုပေါင်းညီညာစွာဖြင့် မဆုတ်မနစ် ကြိုးစားသွား ကြရန်လို။

Add new comment