နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအားတွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ပြင်ဦးလွင်ဒေသ၌ ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု၊ စိုက်ပျိုးမြေအသုံးချထားရှိမှုနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိမှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည်များကို အစိုးရမှ ဦးဆောင်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာအတွင်းနှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့်ပေးထားမှုများကို အခြားနည်းလမ်းများဖြင့် အသုံးချထားရှိမှုများ၊ စိုက်ပျိုးခြင်းမရှိမှုများသည် အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေသူများကို ထိခိုက်နစ်နာစေနိုင်သဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရနှင့် အရိပ်မဲ့စိုက်ပျိုးမှုဟူ၍ရှိပြီး မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေရန် ရည်ရွယ်၍ အရိပ်ရကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင်မြို့နယ်၌ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။
- ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အရင်းအနှီးများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အမှန်တကယ်အောင်မြင်ပြီး မြန်မာ့ကော်ဖီ (Myanmar Coffee Brand) ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်အတွင်း အဆင့်မြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကောင်းမွန်စေရန်အတွက် နိုင်ငံနှင့်အဝန်း ဆောင်ရွက် ပေးလျက်ရှိကြောင်း။
- ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင်ပန်းမန်များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိရာ ဒေသသို့လာရောက်သည့် ခရီးသွားများအား ကော်ဖီခြံများသို့ လာရောက်လေ့လာလည်ပတ်စေခြင်းဖြင့်လည်း ဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မိမိမြို့၊ မိမိဒေသအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်မည်ဟူသည့်စိတ် ဖြင့်စည်းကမ်းတကျဆောင်ရွက်ကြစေလိုကြောင်း၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများကိုလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့၏ နိုင်ငံတကာကသိရှိထားသည့် ကောင်းမွန်သည့် နောက်ခံသမိုင်းကြောင်းများ ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား တပ်မတော်ဧည့်ဂေဟာ၊ အစည်း အဝေးခန်းမ၌ တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှု ဆိုင်ရာများကို ဆွေးနွေးခဲ့။
- ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်၊ လိုအပ်သည့်အရင်းအနှီးများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အမှန်တကယ်အောင်မြင်ပြီး မြန်မာ့ကော်ဖီ (Myanmar Coffee Brand)ကို ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို။
- နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအား ပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်အတွင်း အဆင့်မြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကောင်းမွန်စေရန်အတွက် နိုင်ငံနှင့်အဝန်း ဆောင်ရွက်ပေးလျက်ရှိ။
- ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင်ပန်းမန်များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှဧည့်သည်များဖြင့် စည်ကား လျက်ရှိရာ ဒေသသို့လာရောက်သည့် ခရီးသွားများအား ကော်ဖီခြံများသို့ လာရောက်လေ့လာလည်ပတ်စေခြင်းဖြင့်လည်း ဒေသ၏ ခရီးသွား လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်။
Add new comment