အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဧပြီလ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင်-

  • အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ရေရှည်တွင်ခံ နိုင်ရည်ရှိပြီး စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရေးအတွက် အားလုံးပါဝင်ဆောင်ရွက်သွားမည့်နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်နိုင်ရေးကိစ္စရပ်များ။

  • ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများရှိနေသော်လည်း  အာဆီယံအသိုက်အဝန်းအား ညီမျှသော၊ ခိုင်မာသော၊ အားလုံးပါဝင်မှုရှိသော ရပ်ဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ။

  • အမေရိကန်ပြည်ထောင်စုက ၎င်း၏အဓိကကုန်သွယ်ဖက်ဒေသတစ်ခုဖြစ်သည့် အာဆီယံဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ကိုဗစ်-၁၉ ကာလအလွန်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့မှ ဒုတိယဝန်ကြီးများ၊ ဒုတိယဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို အိမ်ရှင်အဖြစ်  အလှည့်ကျသည့် အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ဧပြီလ ၇ ရက်တွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပခဲ့။

  • အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ရေရှည်တွင်ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရေးအတွက် အားလုံးပါဝင်ဆောင်ရွက်သွားမည့်နည်းလမ်းများကို ရှာဖွေဖော် ထုတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment