ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို လွတ် လပ်စွာ ရေးသားထုတ်ဝေမှုများ ခွင့်ပြုပေးနေသော်လည်း အချို့သော ပုံနှိပ်သူများ၊ ထုတ် ဝေသူများသည် လွတ်လပ်မှုကို အခွင့်ကောင်းယူ၍ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း များကို ဖောက်ဖျက်ကာ ပုံနှိပ်ထုတ်ဝေဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့် အတွက် လုပ်ငန်းများပိတ်သိမ်းစေခြင်း၊ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်း ခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများဖြင့် ကြီး ကြပ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်အတွင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ(၈)ပါ စည်း ကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သော ပုံနှိပ်သူ၊ ထုတ်ဝေသူများအား အရေးယူဆောင်ရွက်ခဲ့ပါသည်-
(က) နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေမည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ခဲ့သည့် မဂ္ဂဇင်း(၁)အုပ်၊ သတင်းအေဂျင်စီ(၁၁)ခုတို့အား လုပ်ငန်း ပိတ်သိမ်းခြင်း၊ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့။
(ခ) ညစ်ညမ်းစာအချို့ ဖော်ပြထုတ်ဝေခဲ့သော ထုတ်ဝေသူ(၁)ဦးအား စီမံခန့်ခွဲရေးနည်းလမ်းဖြင့် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်း၊ ဘာသာရေးအရထိ ခိုက်စေသည့် အကြောင်းအရာများကို ထုတ်ဝေခဲ့သော ထုတ်ဝေသူ(၁)ဦးအား လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်၍ စနစ်တကျ ကြီးကြပ်လျက်ရှိ။
(ဂ) လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေသော အကြောင်းအရာများကို ရေးသားဖော်ပြနေကြသည့် Facebook Page များကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့။
သို့ဖြစ်၍ ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ညစ်ညမ်းစာများ ပုံနှိပ်ထုတ်ဝေခြင်း၊ တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာ များဖော်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့နှင့် နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးတို့ကို ထိခိုက်စေမည့် အကြောင်းအရာများဖော်ပြ ခြင်း၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းက စားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာပြစ်မှုများကို အားပေးလှုံ့ဆော်ရေးသားဖော်ပြခြင်းတို့ကို မပြုလုပ်ကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။
- ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ညစ်ညမ်းစာများ ပုံနှိပ်ထုတ်ဝေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်း အရာများ ဖော်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့နှင့် နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးတို့ကို ထိခိုက်စေမည့် အကြောင်း အရာများဖော်ပြခြင်း၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်း ကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ပြစ်မှု များကို အားပေးလှုံ့ဆော် ရေးသားဖော်ပြခြင်းတို့ကို မပြုလုပ်ကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိ။
Add new comment