PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိ ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီး၍ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမတစ်ဦးအား သေနတ်ဖြင့်ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

ဧပြီလ ၆ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက ဝင်ရောက်၍ ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအဝင်သို့ရောက်ရှိစဉ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ညောင်ငုတ်တိုကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါ သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းဝင်ရောက်၍ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များအား ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သော်လည်း နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထို့ပြင် အဆိုပါကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်” မိဘမဲ့ဂေဟာရှိ မိဘမဲ့ကလေးများအား စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်းဆရာမ ဒေါ်ဟေမာ (၄၈)နှစ်သည် အကြမ်းဖက် သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရင်အုံကျည် ထိမှန်ဒဏ်ရာ ၂ ချက်၊ ဆီးခုံကျည်ထိမှန်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်နှင့် ညာဒူးတို့တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီရရှိကာ သေဆုံးခဲ့ကြောင်းနှင့် “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်းအတွင်း၌ သံဃာတော်များနှင့်အတူ  ဆရာ၊ ဆရာမ ၁၇ ဦး၊ ကလေးငယ် ၆၄ ဦးနှင့် ကိုယ်ဝန်ဆောင် ၁ ဦးတို့ ပုန်းခိုလျက်ရှိသည်ကို တွေ့ရှိရပြီး ကျေးရွာနေပြည်သူအချို့မှာ အကြမ်းဖက်သမား များ၏အန္တရာယ်ကို ကြောက်ရွံ့၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် ၎င်းတို့ကို မထောက်ခံသည့်  ကျေးရွာသူ/ ကျေးရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ၎င်းတို့၏မိသားစုဘဝများ ပျက်စီးဆုံးရှုံး၍ အိုးမဲ့အိမ်မဲ့ဖြင့် စားစရာမရှိဖြစ်ကာ ဒုက္ခမျိုးစုံကြုံတွေ့နေရလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် PDF အကြမ်းဖက်သမားများ၏ နည်းမျိုးစုံ ဒုက္ခပေးနေမှုများမှကင်းဝေးပြီး အေးအေးချမ်းချမ်းဖြင့် နေထိုင်လိုသည့် အတွက် အကြမ်းဖက်သမားများအား အမြန်ဆုံးအမြစ်ပြတ်စေလိုသည့် ဆန္ဒများဖြစ်ပေါ်လျက်ရှိပါသည်။                                    

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းကျန်ရှိသည့် ဆရာတော်၊ သံဃာ တော်များအပါအဝင် ပြည်သူလူထုများအား ညောင်ငုတ်တိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယာယီနေရာချထားပေးပြီး ၎င်းတို့၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • PDF အကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအတွင်းရှိ ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီး၍ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့။
  • အဆိုပါကျေးရွာရှိ “သစ္စာရွှေဂူ ဘုန်းတော်ကြီးကျောင်းအတွင်း၌ သံဃာတော်များနှင့်အတူ  ဆရာ၊ ဆရာမ ၁၇ ဦး၊ ကလေးငယ် ၆၄ ဦးနှင့် ကိုယ်ဝန်ဆောင် ၁ ဦးတို့ ပုန်းခိုလျက်ရှိသည်ကို တွေ့ရှိရပြီး ကျေးရွာနေပြည်သူအချို့မှာ အကြမ်း ဖက်သမားများ၏အန္တရာယ်ကို ကြောက်ရွံ့၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ။

Add new comment