ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ငွေကြေးထောက်ပံ့မှုရယူကာ နောက်ကွယ်မှ သွေးထိုး မြှောက်ပင့်လှုံ့ဆော်မှုများအတိုင်း အုပ်ချုပ်ရေးမှူးများနှင့် အစိုးရဝန်ထမ်းများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန် လုပ်ဆောင်လျက်ရှိိပါသည်၊၊

ဧပြီလ ၆ ရက်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အကြမ်းဖက်သမားများက ရုံး၏မြောက်ဘက် တစ်မိုင်ခန့်အကွာမှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းတစ်ဦးဖြစ်သော ဦးထည်ဝါဦး (၂၈)နှစ်တွင် ယာလက်ဖျံ၊ ယာပေါင်နှင့် ယာခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်၊၊

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ချက်ပစ်ခတ်ခဲ့သဖြင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံးဝင်းအတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment