ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် မောင်တောမြို့နယ် ထန်းချောင်းတံတားကို ပြန်လည်ပြုပြင်

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဧပြီလ ၆ ရက် ညပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတား ကို ဧပြီလ ၇ ရက်တွင် မောင်တောမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ထန်းချောင်းတံတားသည် အလျား ၅၀ ပေ၊ အနံ ၁၆ပေ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ဖြစ်စဉ်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသွားကားလမ်းပေါ်ရှိ ထန်းချောင်းတံတားကို ဧပြီလ ၇ ရက် တွင် မောင်တောမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့။

Add new comment