ပြည်တွင်းရေထွက်ပို့ကုန်များ ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်တွင် သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူခရိုင်တို့မှ ကဏန်းအများဆုံး ထွက်ရှိလျက်ရှိရာ အဆိုပါဒေသတို့ရှိ အေးခဲစက်ရုံများမှ ထွက်ရှိသော ငါး၊ ပုဇွန်၊ ကဏန်း ပျော့များအား ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ငါးဈေးကွက်တစ်ခု ပေါ်ပေါက်စေရန် ရည်ရွယ်ချက်များဖြင့် မြိတ်မြို့နယ်ရှိ စန္ဒဝတ် ကျေးရွာအုပ်စု၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးတစ်ခုကို ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည့်စီမံချက်ဖြင့် တည်‌ဆောက်လျက်ရှိပါသည်။

 အဆိုပါစီမံကိန်းအား လုပ်ငန်းကာလ ၇ နှစ် သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်း စတင်သည့်အချိန်မှစ၍ အလုပ်အကိုင်အခွင့်အလမ်းသောင်းနှင့်ချီကာ ရရှိမည် ဖြစ်ကြောင်းနှင့် စီမံကိန်းကို အပိုင်း ၄ ပိုင်းခွဲထားပြီး ငါးတင်/ငါးချ ဆိပ်ကမ်း၊ အအေးခန်းများ၊ ကုန်ကြမ်းများအား အချောထည်လုပ်မည့်စက်ရုံများ၊ လူနေအိမ်ရာများ၊ ဆက်စပ်နေရာများ၊ စီမံကိန်းအတွက် ထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရခိုင်ပြည်နယ်မှ ထွက်ရှိသော ငါး၊ ပုဇွန်၊ ကဏန်းပျော့များအား ပြည်ပနိုင်ငံများသို့ တိုးမြှင့် တင်ပို့ရောင်းချလျက်ရှိ။
  • အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာအဆင့်မီ ငါးဈေးကွက်တစ်ခုပေါ်ပေါက်စေရန် ရည်ရွယ်ချက်များဖြင့် မြိတ်မြို့နယ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စု၌ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးတစ်ခုကို ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည့်စီမံချက်ဖြင့် တည်‌ဆောက်လျက်ရှိ။

Add new comment