ကလေးဝမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ခရီးသွားပြည်သူ လူထုအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ် တောက်စေရန်နှင့် တရားဥပဒေစိုးမိုးရေး ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာနေ ဦးစိုးရာဇာ (၂၉)နှစ်တို့ မိသားစုဝင် ၇ ဦး လိုက်ပါလာသည့် Honda Fit ယာဉ်သည် ဧပြီလ ၅ ရက်တွင် ကလေးဝ-ယာကြီးကားလမ်းအတိုင်း မင်းကင်းမြို့မှ ကလေးမြို့သို့ ထွက်ခွာလာစဉ် ကလေးဝမြို့နယ်၊ သဲကြမ်းကျေးရွာအနီးသို့အရောက် PDF အကြမ်းဖက်သမားများ ထောင်ထားသည့်လက်လုပ်မိုင်း ၁ လုံး နင်းမိပေါက်ကွဲခဲ့ပါသည်။ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးစိုးရာ ဇာအပါအဝင် ၅ ဦး တို့သည် မိုင်းစထိမှန် ဒဏ်ရာများကြောင့် နေရာတွင်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ကလေးမြို့နယ်၊  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း၊ မမိုးစန္ဒာမြင့်မှာ ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မိုင်းထိမှန်မှုကြောင့် မော်တော်ယာဉ်မှာ ကြေမွပျက်စီးသွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှအပြစ်မဲ့ခရီးသွားပြည်သူများအားမိုင်းထောင်ဖောက်ခွဲခဲ့သူအကြမ်းဖက်သမားများအားဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကစုံစမ်းဖော်ထုတ်လျက်ရှိပါသည်။                                           

  • ကလေးဝမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံး၊ အမျိုးသား ၁ ဦး ဒဏ်ရာ ရ၍ အမျိုးသမီး ၁ ဦး ပျောက်ဆုံးခဲ့။
  • အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက် ရှိသော ခရီးသွားပြည်သူလူထုများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်၍ တရားဥပဒေစိုးမိုးမှုအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်း ထောင်ဖောက် ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိ။

Add new comment