နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်သည် ဧပြီလ ၆ ရက်တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms.Andrea Marie Faulkner အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် သံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ-ဩစတြေးလျနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။

  • နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ သံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ-ဩစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment