နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Marie Faulkner အား ဧပြီ လ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်-

  • နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ။

  • မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်စီးစေရန် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားနိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့်အခြေအနေများ။

  • အကြမ်းဖက်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများကို ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်သွားမည့်အခြေအနေများ။

  • မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြိုဆိုပြီး မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည့် အခြေအနေများ။

  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများ အတိုင်းသာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေး၍ရနိုင်သည်မှန်သမျှကို တွေ့ဆုံဆွေးနွေးနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေများ။

  • မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အာဆီယံအသင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန AHA Centre မှတစ်ဆင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်လည်းမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသူများရှိပြီး အစိုးရကိုကူညီမှုနှင့် ပြည်သူကိုကူညီမှုကို ကွဲပြားစွာ သိမြင်စေလိုသည့်အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ကြပြီး ဩစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံစစ်သံမှူးနှင့် သံရုံးဒုတိယအတွင်းဝန်တို့ တက်ရောက်ကြကြောင်း သိရှိရပါသည်။

  • တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြို ဆိုပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီ ချက်(၅) ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအတိုင်းသာ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တွေ့ဆုံဆွေးနွေးမှုများအတွက် ဆောင်ရွက်ပေးနိုင်သမျှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် AHA Centre မှတစ်ဆင့် အကူအညီများပေးရာတွင် အစိုးရကိုကူညီမှုနှင့် ပြည်သူကို ကူညီမှုကို ကွဲပြားစွာသိမြင်စေလိုသည့် အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment