တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဧပြီလ ၆ ရက်တွင် ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းသည် စစ်ရေးပြအစီအစဉ်အတိုင်း ဗိုလ်လောင်း တပ်ခွဲများ အား လိုက်လံစစ်ဆေးပြီးနောက် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူအား ငွေဓားဆု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင်-
- တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အဓိကနေရာက တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြသလို နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြုံလာပါက အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း။
- တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး ရရှိထားသော လွတ်လပ်ရေးကို ဆုံးရှုံးမသွားရအောင်လည်း ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်လာခဲ့သော အစဉ်အလာကြီးမားသည့် တပ်မတော်ကြီးဖြစ်ကြောင်း။
- တပ်မတော်သည် သမိုင်းစဉ်အဆက်ဆက် တိုင်းရင်းသား ပြည်သူများရှေ့က ခိုင်မာသော အမျိုးသားအင်အားစုအဖြစ်ရပ်တည်ကာ ကိုလိုနီနယ်ချဲ့လက်အောက်က မြန်မာ့လွတ်လပ်ရေးရယူရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းဆူပူမှုများနှင့် ပြည်ပက သွေးထိုးနှောင့်ယှက်မှုအန္တရာယ်အမျိုးမျိုးကိုတိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း။
- နိုင်ငံတစ်နိုင်ငံ၏ တိကျစွာပိုင်းခြား သတ်မှတ်ထားသည့် ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ်မရှိ မဖြစ်လိုအပ်ပြီး တပ်မတော်သားတိုင်းသည်လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်နေရန်လိုအပ်ကြောင်း။
- မျိုးချစ်စိတ်ဓာတ်နှင့် ပတ်သက်၍ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က “အမျိုးသားရေးလက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှုများ လျော့နည်းလာမည်ဆိုရင် မျိုးချစ်စိတ်ဓာတ်သည်လည်း တိမ်ကောပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ကင်းမဲ့ခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ် ကြောင်း။
- မျိုးချစ်စိတ်ဓာတ်ဆိုတာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ တိုင်းပြည်နဲ့ လူမျိုးကိုထိရင် မချိအောင်နာတတ် တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား မယ်ဆိုတဲ့ စိတ်ဓာတ်ပဲဖြစ်ကြောင်း။
- တပ်မတော် အနေနဲ့လည်း စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းက မျိုးချစ် စိတ်ဓာတ်ကို အရင်းတည်ပြီး စည်းကမ်းနဲ့ အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်ဖြစ်လို့ နိုင်ငံတော်အတွက် အခိုင်မာဆုံး Institution ဖြစ်တယ်” ဟု မှာကြားခဲ့ကြောင်း။
- ထို့ကြောင့် ရဲဘော်တို့အနေဖြင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များတွင် စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းသည်ထက်ကောင်းအောင်၊ ခိုင်မာသည်ထက် ပိုမိုခိုင်မာအောင် ဆက်လက်ကြိုးပမ်း တည်ဆောက်သွားကြရန် လိုအပ် ကြောင်း။
- ပစ္စုပ္ပန်ကာလတွင်လည်း တပ်မတော်အနေဖြင့် ပြည်သူတို့၏ ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း တည်တံ့ခိုင်မြဲစေရေးနှင့် နိုင်ငံ၏အဓိကလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုကာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်လျက်ရှိကြောင်း။
- တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားများ ပြည့်စုံနေရန်လိုအပ်ပြီး တိုက်ပွဲစွမ်းရည် ပြည့်ဝစေရန် စွမ်းရည် ထက်မြက်ပြီး အရည်အချင်းပြည့်ဝသောစစ်သည်များ လိုအပ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက် ပေးလျက်ရှိကြောင်း။
- တိုက်ပွဲစွမ်းအားများ ပြည့်ဝစေရေးအတွက်လည်း တပ်မတော်အနေဖြင့် ခေတ်နှင့်လျော်ညီသည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနှင့် နိုင်ငံတကာ တပ်မတော်များနည်းတူ ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော် (Stan-dard Army) ဖြစ်အောင် အရှိန်အဟုန်ဖြင့် အပိုင်းလိုက်၊ အကန့်အလိုက် အစီအမံများအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း။
- တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဖြစ်သောကြောင့် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ဖြစ် အောင်တည်ဆောက်နေသည့်ကာလတွင် ရဲဘော်တို့အနေဖြင့် ကျရာကဏ္ဍမှ သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့အနိုင်ရလိုမှုအပေါ် တရားဝင်တုံ့ပြန်ဖြေရှင်းမှု မရှိသည့်အပြင် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မတရားရယူလိုမှုများကြောင့် စည်းကမ်းစနစ် တကျရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မသွားစေရေး ဖြေရှင်းနိုင်ရန်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ ရခြင်းဖြစ်ကြောင်း။
- နိုင်ငံတော်၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ ဖြေရှင်းရမည့် လုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးကာ အနိုင်ရရှိပြီး ပြည်သူ လူထုကတရားမျှ တစွာရွေးချယ်ပေးလိုက်သည့် ဒီမိုကရေစီအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန် တပ်မတော်က အတိအလင်းကြေညာထားပြီးလည်း ဖြစ်ကြောင်း။
- သင်တန်းကျောင်းက သင်ကြားလေ့ကျင့်ပေးလိုက်သည့်ပညာရပ်များသည် အခြေခံသဘောမျှသာ သင်ကြားပေးလိုက်ခြင်းဖြစ်သည့်အတွက် လက်တွေ့အသုံးချသည့်အခါ ခေါင်းဆောင်ငယ်များပီပီ “ထိုးထွင်းကြံဆလုပ်ဆောင် တတ်မှု၊ တီထွင်လုပ်ကိုင်ဆောင်ရွက်တတ်မှုနှင့် သင်ကြားလေ့ကျင့်ခဲ့ရသည့် ပညာရပ်များကို ပေါင်းစပ်ပြီး အသုံးချဆောင်ရွက် သွားကြရန်” လိုအပ်ကြောင်း။
- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရေးကသာ တည်ဆောက်ပေးနိုင်သည်ဖြစ်သောကြောင့် ကိုယ်တိုင်လည်း လေ့ကျင့်နေရန်လိုအပ်သကဲ့သို့ မိမိလက်အောက်ကိုလည်း စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေရန် လိုအပ်ကြောင်း။
- “ခေါင်းဆောင်မှုဆိုသည်မှာ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်အောင် လက်အောက်ငယ်သားများနှင့် အတူတကွ ဆောင်ရွက်ခြင်း” ပင်ဖြစ်ကြောင်း။
- ခေါင်းဆောင်ဆိုသည်မှာ မိမိဦးဆောင်သည့် အဖွဲ့အစည်းကို ပေးအပ်လာသော တာဝန်များ၊ ဖြစ်ပေါ်လာသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ဦးဆောင်ဖြေရှင်းရသူ ဖြစ်သကဲ့သို့ ရရှိလာသည့် အကျိုး၊ အပြစ်များကိုလည်း တာဝန်ခံရသည့်သူသာ ဖြစ်သည့်အတွက် တာဝန်ကိုသိပြီး တာဝန်ကျေပွန်သည့်ခေါင်းဆောင်၊ အခက်အခဲနှင့်ပြဿနာများအပေါ် စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် တာဝန်ယူဖြေရှင်းနိုင်သည့် ခေါင်းဆောင်များ ဖြစ်ရန် လိုအပ်ကြောင်း။
- မည်သည့်အဖွဲ့အစည်းမဆို ခေါင်းဆောင်သည် အရေးကြီးသည့်အတွက် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့် အရည်အသွေးကို ကောင်းမွန်တိုးတက်အောင် တည်ဆောက်သွားရမည် ဖြစ်သကဲ့သို့ ဆင်ခြင်တုံ တရား၊ အသိတရား၊ သတိတရား အမြဲထားပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- လက်အောက်ငယ်သားများ၏ သက်သာချောင်ချိရေးအတွက် လူမှုရေးအခက်အခဲများကို သတ်မှတ်ထားသည့် အမိန့်/ညွှန်ကြားချက်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေမူဘောင်အတွင်းမှ မှန်မှန်ကန်ကန်ဖြင့် ဖြေရှင်းဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း။
- လက်ရှိကာလတွင် ပြည်ပနိုင်ငံအချို့နှင့် ပြည်တွင်းအကြမ်းဖက် အဖွဲ့အစည်းများက နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲအောင် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးမြှောက်ပင့် သွေးခွဲလျက်ရှိသည်ကို တွေ့မြင်နေကြရမည်ဖြစ်ကြောင်း။
- တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်လို သည့် မွန်မြတ်သည့်စိတ်ဓာတ်နှင့် မိမိတို့ သဘောဆန္ဒအလျောက် ဝင်ရောက်အမှု ထမ်းကြသူများဖြစ်သည့်အတွက် မိမိထမ်းဆောင်ရသည့် တာဝန် များကို ယုံကြည်ချက်၊ ခံယူချက် မြင့်မြင့်မားမားထားပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- တပ်မတော်သည် နိုင်ငံတော်၏ အဓိကအကျဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အတွက် တပ်မတော်သားတိုင်းသည် စစ်ဘက်စည်းကမ်း၊ စစ်ဘက်ဥပဒေနှင့်နယ်ဘက်ဥပဒေများအပြင် ဂျီနီဗာကွန်ဗန်းရှင်းနှင့် ထိတွေ့တိုက် ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကဲ့သို့သော နိုင်ငံတကာက လိုက်နာကြသည့် စည်း မျဉ်း၊ စည်းကမ်း၊ ဥပဒေများကိုလည်း တန်ဖိုးထား လေးစားလိုက်နာကြရကြောင်း။
- စည်းကမ်းကောင်းမွန်သည့်အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်ကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ဖြစ်သောကြောင့် တပ်မတော်သည် နိုင်ငံတော်၏ အခိုင်အမာဆုံးသော အဖွဲ့အစည်း အဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း။
- ထို့ကြောင့် ရဲဘော်တို့အနေဖြင့် စည်းကမ်းကောင်းပြီး အမိန့်နာခံတတ်မှုကောင်းသည့် ခေါင်းဆောင်ကောင်းများဖြစ်အောင်ကြိုးစားပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ကောင်းတစ်ရပ်ဖြစ်အောင် တည်ဆောက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
- တပ်မတော်စွမ်းရည် (၃) ရပ် ပြည့်စုံရန် တပ်တိုင်း၊ ရဲဘော်တိုင်းတွင်ရှိရမည့် အခြေခံအရည်အချင်း (၅) ပါးဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့် စွမ်းရည် (၃) ရပ် ပြည့်စုံမှုရှိကြရန် လိုအပ်ကြောင်း။
- ယနေ့အချိန်အခါတွင် ပြည်တွင်းပြည်ပလောက်ကောင်၊ သစ္စာဖောက်များသည် နိုင်ငံအပေါ် ဆရာ့ဆရာကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ချုပ်ကိုင်ခိုင်းစေမှုများအတိုင်း နယ်ပယ် ပေါင်းစုံ၌ တစ်သဝေမတိမ်း လိုက်နာလှုပ်ရှားနေကြရကြောင်း။
- တစ်နည်းအားဖြင့် အခိုင်းအစေဘဝများဖြင့် ဆောင်ရွက်ရာတွင် တပ်မတော်ပြိုကွဲရေးနှင့် နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေး၊ ရုပ်သေးအစိုးရဖြစ်စေရေးစသည့် အကြံဆိုးများလည်းအဓိက ပါဝင်နေသည်ကို သတိပြုကြရမည်ဖြစ် ကြောင်း။
- ထို့ကြောင့် တပ်တွင်းစည်းရုံးရေးနှင့် အေးချမ်းစွာနေထိုင်လိုပြီး နိုင်ငံတော်၏ ကျေးဇူးများကို စောင့်သိရိုသေကြသည့်ပြည်သူများအတွက် တပ်ပြင်စည်းရုံးရေးသည်လည်း မလုပ်မဖြစ်လုပ်ကြရမည့်၊ တပ်မတော်သားတိုင်း ဆောင်ရွက်ကြရမည့် လုပ်ငန်း တာဝန်တစ်ခုဖြစ်ကြောင်း။
- တပ်တွင်းစည်းရုံးရေး ဖော်ဆောင်ရာတွင် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် ဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည် ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားကြရန် လိုကြောင်း။
- မိမိကွပ်ကဲအုပ်ချုပ်ရသည့် စစ်သည်မိသားစုများ၏ စားဝတ်နေရေး ကိစ္စရပ်များတွင်လည်း အမှန်တကယ် သက်သာချောင်ချိမှုရရှိအောင် ရသင့်ရထိုက်၊ ခံစားခွင့်ခံစား ထိုက်သည့် အခွင့်အရေးများရရှိအောင် ဖြည့်ဆည်းဆောင်ရွက် ပေးနေခြင်းသည် လည်း တပ်တွင်းစည်းရုံးရေး ခိုင်မာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။
- စည်းရုံးရေးစွမ်းရည် ကောင်းမွန်ခြင်းသည်လည်း အပြန်အလှန်အားဖြင့် အုပ်ချုပ်ရေး စွမ်းရည်နှင့်စစ်ရေးစွမ်းရည်ကိုပါ တိုးတက်ကောင်းမွန်စေပြီး ပေးအပ်လာသည့် မည် သည့်တာဝန်များကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ရဲဘော်တို့အနေဖြင့် တပ်တွင်းတပ်ပြင် စည်းရုံးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလို ကြောင်း။
- တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement- NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေး အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေး ခြေလှမ်းအသစ်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့များကလွဲ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ထာဝရငြိမ်းချမ်းရေးအတွက် မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ ဆွေးနွေးနိုင်ရန်နှင့် ကျင်းပပြီးဖြစ်သော စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ကြရန် ဖိတ်ခေါ်ခဲ့ခြင်းသည် တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးကို ရရှိစေလိုသည့်စိတ်၊ တိုင်းရင်းသားညီနောင်များကို ညီရင်းအစ်ကိုသဖွယ်ထားရှိသည့်စိတ်ကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည်ကို သိရှိထားကြရန်လိုအပ်ကြောင်း။
- ၂၀၂၂ ခုနှစ်ကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ NCA လက်မှတ်ရေးထိုးပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကိုပါ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ထာဝရငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေး နွေးမှုများပြုလုပ်လျက်ရှိကြောင်း။
- ရဲဘော်တို့အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အထောက်အကူပြုစေမည့် တာဝန်ပေးအပ်မှုမှန်သမျှကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားလိုကြောင်း။
- တပ်မတော်၏ မွန်မြတ်သည့် အတိတ်သမိုင်းကြောင်း အစဉ်အလာနှင့်အညီ ပစ္စုပ္ပန်ရပ်တည်ချက် အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသော တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ဂုဏ်သိက္ခာ ရှိရှိ ထမ်းဆောင်သွားရန်၊ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင် အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်။
- နိုင်ငံတော်နှင့်တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းဥပဒေများကို လေးစားလိုက်နာပြီး “စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်” ဆိုသည့် တပ်မတော်၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ တပ်မတော်၏ စွမ်းရည်သုံးရပ် တိုးတက်မြင့်မားစေရန် တပ်တွင်း/ တပ်ပြင် စည်းရုံးရေးကို ခိုင်မာသည်ထက်ခိုင်မာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားတည်ဆောက်သွားကြရန် မှာကြားခဲ့။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့နှင့်အတူ ထူးချွန်ဆုရ ဗိုလ်လောင်းများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဧပြီလ ၆ ရက် ညပိုင်းတွင်ကျင်းပသော တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် ချီးမြှင့်ခဲ့ပြီး ကျောင်းဆင်းအရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအရာရှိများနှင့်အတူ ညစာ ကို အတူတကွသုံးဆောင်ကြပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်အောင်ဇော်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗထူး တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းဆင်းအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
- တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အဓိကနေရာက တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ကြသလို နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြုံလာပါက အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်။
- တပ်မတော်သည် သမိုင်းစဉ်အဆက်ဆက် တိုင်းရင်းသားပြည်သူများရှေ့က ခိုင်မာသော အမျိုးသားအင်အားစုအဖြစ်ရပ်တည်ကာ ကိုလိုနီနယ်ချဲ့လက်အောက်က မြန်မာ့လွတ်လပ် ရေးရယူရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည် တွင်းလက်နက်ကိုင် သောင်းကျန်းဆူပူမှုများနှင့် ပြည်ပကသွေးထိုးနှောင့်ယှက်မှု အန္တရာယ် အမျိုးမျိုးကို တိုင်းရင်းသားပြည်သူများနှင့်အတူလက်တွဲပြီး အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့။
- နိုင်ငံတစ်နိုင်ငံ၏ တိကျစွာပိုင်းခြားသတ်မှတ်ထားသည့် ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ်မရှိမဖြစ်လိုအပ်ပြီး တပ်မတော်သားတိုင်းသည်လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်နေရန်လို။
- ပစ္စုပ္ပန်ကာလတွင်လည်း တပ်မတော်အနေဖြင့် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းတည်တံ့ခိုင်မြဲစေရေးနှင့် နိုင်ငံ၏အဓိကလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေးတို့အတွက် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်လျက်ရှိ။
- တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်သောကြောင့် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင် တည်ဆောက်နေသည့်ကာလတွင် ရဲဘော်တို့အနေဖြင့် ကျရာကဏ္ဍမှ သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလို။
- နိုင်ငံတော်၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ ဖြေရှင်းရမည့် လုပ်ငန်းတာဝန် များ ပြီးမြောက်အောင်ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးကာ အနိုင်ရရှိပြီး ပြည်သူလူထုကတရားမျှ တစွာရွေး ချယ်ပေးလိုက်သည့် ဒီမိုကရေစီအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန် တပ်မတော်က အတိအလင်း ကြေညာထားပြီးလည်းဖြစ်။
- သင်တန်းကျောင်းက သင်ကြားလေ့ကျင့်ပေးလိုက်သည့် ပညာရပ်များသည် အခြေခံသဘောမျှသာ သင်ကြားပေးလိုက်ခြင်းဖြစ်သည့်အတွက် လက်တွေ့အသုံးချသည့်အခါ ခေါင်းဆောင်ငယ်များပီပီ “ထိုးထွင်းကြံဆလုပ်ဆောင် တတ်မှု၊ တီထွင်လုပ်ကိုင် ဆောင်ရွက် တတ်မှုနှင့် သင်ကြားလေ့ကျင့်ခဲ့ရသည့် ပညာရပ်များကို ပေါင်းစပ်ပြီး အသုံးချဆောင်ရွက်သွားကြရန်” လို။
- မည်သည့်အဖွဲ့အစည်းမဆို ခေါင်းဆောင်သည် အရေးကြီးသည့်အတွက် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့် အရည်အသွေးကို ကောင်းမွန်တိုးတက် အောင်တည်ဆောက်သွားရမည်ဖြစ်သကဲ့သို့ ဆင်ခြင်တုံတရား၊ အသိတရား၊ သတိ တရား အမြဲထားပြီး ဆောင်ရွက်သွားကြရမည်ဖြစ်။
- လက်အောက်ငယ်သားများ၏ သက်သာချောင်ချိရေးအတွက် လူမှုရေးအခက်အခဲများကို သတ်မှတ်ထားသည့် အမိန့်/ညွှန်ကြားချက်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေမူဘောင် အတွင်းမှ မှန်မှန်ကန်ကန်ဖြင့် ဖြေရှင်းဆောင်ရွက် ပေးသွားရမည်ဖြစ်။
- စည်းကမ်းကောင်းမွန်သည့်အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်ကိုပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ဖြစ်သောကြောင့် တပ်မတော်သည် နိုင်ငံတော်၏ အခိုင်အမာဆုံးသော အဖွဲ့အစည်း အဖြစ် ရပ်တည်နေခြင်းဖြစ်။
- တပ်တွင်းစည်းရုံးရေးနှင့် အေးချမ်းစွာနေထိုင်လိုပြီး နိုင်ငံတော်၏ကျေးဇူးများကို စောင့်သိရိုသေကြသည့်ပြည်သူများအတွက် တပ်ပြင်စည်းရုံးရေးသည်လည်း မလုပ်မဖြစ် လုပ်ကြရမည့်၊ တပ်မတော်သားတိုင်း ဆောင်ရွက်ကြ ရမည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်။
- တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nation-wide Ceasefire Agreement- NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထား လုပ်ဆောင်သွားမည်ဖြစ်။
Add new comment