အနာဂတ်လူငယ်များ၏ ပညာသင်ကြားမှုကို အဟန့်အတားဖြစ်စေရန်အတွက် PDF အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအဖြေလွှာများအား ဖျက်ဆီးခြင်းစသည့် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိပါသည်။
- ဧပြီလ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(အုန်းနှဲ)ရှေ့၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ နေရာအနီးရောက်ရှိနေသူ ဦးဇော်မင်းထိုက်(၃၄)နှစ်တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး အုန်းနှဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိ။
- ဧပြီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအနီး၌ မသင်္ကာအထုပ်များအား တွေ့ရှိရကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကျောင်းဝင်ပေါက်အနီးမှ မသင်္ကာဖွယ်အထုပ် ၂ ထုပ်နှင့် လမ်းတစ်ဘက်ခြမ်းမှ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တို့ကို တွေ့ရှိရပြီး အထုပ်များအတွင်းမှ လက်လုပ်မိုင်း ၃ လုံးအားတွေ့ရှိခဲ့ရကာ ၎င်းတို့ကို သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့။
ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကို ဟန့်တားနှောင့်ယှက်၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(အုန်းနှဲ)ရှေ့၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသူ အမျိုးသား ၁ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့။
- ရွှေပြည်သာမြို့နယ်၊ အ.ထ.က(၃)ကျောင်းအနီး၌ မသင်္ကာအထုပ်များအား တွေ့ရှိရကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်အနီးမှ မသင်္ကာဖွယ်အထုပ် ၂ ထုပ်နှင့် လမ်းတစ်ဘက် ခြမ်းမှ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တို့ကို တွေ့ရှိရပြီး အထုပ်များအတွင်းမှ လက်လုပ်မိုင်း ၃ လုံးအားတွေ့ရှိခဲ့ရကာ ၎င်းတို့ကို သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့။
Add new comment