နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်ရှိ နည်းပြအရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဧပြီ လ ၅ ရက်တွင် ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-

· နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် တပ်မတော်ကို မဏ္ဏိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကျင့်ကြံသွားရန်လိုကြောင်း။

· ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အရေးပေါ်ကာလအတွင်း အမျိုးမျိုးသောစိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကို အေးချမ်းစွာနေထိုင်လိုသော ပြည်သူများ၊ သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်း ညီညာသော စုစည်းညီညွတ်သည့်အင်အားဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြောင်း။

· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်လျက်ရှိကြောင်း။

· ရှေ့လုပ်ငန်းစဉ်များဖော်ဆောင်မှုတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် အဓိကဆန္ဒမဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိစေရေး ပန်းခင်းစီမံချက်ဆောင်ရွက်လျက်ရှိရာတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် အရေးကြီးလိုအပ်ချက်များကိုလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

· နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နည်းမျိုးစုံဖြင့် ဖျက်လိုဖျက်ဆီးလုပ်လိုသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်များကိုလည်း လုံခြုံရေးအသိဖြင့် စောင့်ကြည့်ဖော်ထုတ်ရှင်းလင်းနေရန်လိုကြောင်း။

· ၎င်းအပြင် နိုင်ငံတော်အတွက် အနာဂတ်မျိုးဆက်သစ်၊ လူ့ စွမ်းအားအရင်းအမြစ်များ ပိုမိုပေါ်ထွက်လာစေရေးအတွက်လည်း ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး KG+9 အထိ မသင်မနေရ တန်းစဉ်အလိုက် ကူးပြောင်းနိုင်ရေး ရည် မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း။

· နိုင်ငံတော်၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ် (HR) ဖြစ် လာမည့် အနာဂတ်၏ ခေါင်းဆောင်များ၊ လူငယ်လူရွယ်များ၏ တန်းစဉ်ကူးပြောင်းနိုင်ရေး စာမေးပွဲဖြေဆိုမှုအပေါ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်တွင် ကျောင်းပတ်ဝန်းကျင်အတွင်း/အပြင်တို့၌ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခြင်း၊ ချိန်ကိုက်မိုင်း၊ အဝေးထိန်းကြီးကြပ်မိုင်းများဖြင့် ဖောက်ခွဲ၍ စာမေးပွဲအခန်းသို့ ကြောက်ရွံ့ပြီး မလာရဲအောင် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများကိုလည်း တွေ့နေရကြောင်း။

· ထို့ပြင် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြသည့် မိမိတို့နိုင်ငံအတွင်း သာသနာ့တာဝန်ထမ်းဆောင်နေကြသည့် သံဃာတော်များကိုလည်း အကြောင်းမဲ့ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများအထိ ဆိုးရွားရက်စက်ယုတ်မာစွာ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ကို နားလည်၍မရပါကြောင်း။

· မိမိဆန္ဒနှင့်မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ်တိုက်ခိုက်အကြမ်းဖက်ခြင်းသည် အဓိပ္ပါယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့လက်နက်မဲ့မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ပါကြောင်း။

· အဆိုပါ တရားမဲ့အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှားရှင်းလင်း သွားမည်ဖြစ်ပြီး ပြည်သူများလိုလားသည့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

· မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များသည် မည်သည့်အချိန်ကာလတွင်မဆို အရေးကြီးသော နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို တစ်စိတ်တစ်ပိုင်း ပါဝင်ထမ်းဆောင်နေကြရသူများဖြစ်၍ ကျန်းမာကြံ့ခိုင်စေရန် တစ်ဦးချင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ နည်းပြအရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

  • နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် တပ်မတော်ကို မဏ္ဏိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူ ကျင့်ကြံသွားရန်လို။
  • နိုင်ငံတော်၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ် (HR) ဖြစ်လာမည့် အနာဂတ်၏ခေါင်းဆောင်များ၊ လူငယ်လူရွယ်များ၏ တန်းစဉ်ကူးပြောင်းနိုင်ရေး စာမေးပွဲဖြေဆိုမှုအပေါ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်တွင် ကျောင်းပတ်ဝန်းကျင်အတွင်း/အပြင်တို့၌ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခြင်း၊ ချိန်ကိုက်မိုင်း၊ အဝေးထိန်းကြီးကြပ်မိုင်းများဖြင့် ဖောက်ခွဲ၍ စာမေးပွဲအခန်းသို့ ကြောက်ရွံ့ပြီး မလာရဲအောင် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများကိုလည်း တွေ့နေရ။
  • မိမိဆန္ဒနှင့်မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ်တိုက်ခိုက် အကြမ်းဖက်ခြင်းသည် အဓိပ္ပါယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်။
  • တရားမဲ့အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများလိုလားသည့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။

 

 

Add new comment