ရွာသာကြီးကျေးရွာနှင့် မဲကုန်းကျေးရွာအနီး ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ ယာဉ်မောင်းဖြစ်သူ ဦးဇော်ဝင်း (၄၄) နှစ် (ဘ) ဦးမြင့်သိန်း မောင်းနှင်ပြီး ယာဉ်နောက် လိုက်ဖြစ်သူ ဦးစတီး (ခ) စိုးခိုင် (၃၀) နှစ် (ဘ) ဦးစိုးသင်းနှင့် ခရီးသည် ၃၈ ဦးလိုက်ပါ လာသည့် SGG-3H/7458 “ဝင်းသစ္စာ” ခရီးသည်တင်ယာဉ်အား PDF အကြမ်းဖက် အဖွဲ့က လက်လုပ်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါခရီးသည် ဖြစ်သူ ဆရာတော် ဥူးဇာဂရ သက်တော် (၄၀) နှစ်တွင် ဝဲလက်မောင်း မိုင်းစထိမှန် ဒဏ်ရာ၊ ယာဉ်မောင်း ဦးဇော်ဝင်းတွင် လည်ပင်းပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်နောက်လိုက် ဦးစတီး (ခ) စိုးခိုင်တွင် ယာဘက်မျက်လုံး မှန်စဝင်ဒဏ်ရာ၊ ဝဲမျက်ခုံးပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မော်တော်ယာဉ်၏ လေကာမှန်များနှင့် ကိုယ်ထည်တို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့ပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင် အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား ရက်စက်စွာပြုလုပ်လျက်ရှိပါသည်။
ထိုကဲ့သို့ ခရီးသည်များလိုက်ပါလာသည့် မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
- ဧပြီလ ၄ ရက်တွင် ဝက်လက်မြို့နယ်၌ ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါခရီးသည်ဖြစ်သူ ဆရာတော် ဥူးဇာဂရ၊ ယာဉ်မောင်း ဦးဇော်ဝင်းနှင့် ယာဉ်နောက်လိုက် ဦးစတီးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့။
Add new comment