နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်စစ်ဆေး တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၄ ရက်တွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်၍ မြဝတီစာသင်ဆောင်၌ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်း သားများအား သင်ခန်းစာများအလိုက် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများနှင့် သင်တန်းခန်းမဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းခန်းမ၌ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-

  • သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့်အညီ သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့်ရန်နှင့် Standard Army တည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန် ဖွံ့ဖြိုး တိုးတက်လာသည့် ကွန်ပျူတာ နည်းပညာကို စနစ်တကျလေ့လာသွားရန်။
  • သင်ယူသည့် Professional ပညာရပ်များအပေါ် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့အသုံးချနိုင်ရန်နှင့် သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင်ဝင်ရောက်သည့် အချိန်တွင်လည်း အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို မျက်ခြေမပြတ် ဆက်လက်လေ့လာသွားကြရန်။
  • တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများမှတဆင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖယ်တိမ်းစောင်းမှုမဖြစ်ပေါ်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
  • အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှု အမျိုးမျိုးတို့ကို သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်းကျော်လွှား ခဲ့ပြီးဖြစ်ကြောင်း။
  • ၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများမှတဆင့် သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများ ကြောင့် စက်ရုံအလုပ်ရုံများ မီးရှို့ခြင်း၊ လိုက်ပါလုပ်ဆောင်မှု မရှိသူများကို ဒလန်အဖြစ် သတ်ဖြတ်ခြင်း၊ တရားမဝင် လက်နက်ပုန်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ငွေကြေးရယူ၍ အကြောင်းမဲ့သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် လာကြကြောင်း။
  • တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံကြီးအချို့အနေဖြင့် ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းခဲ့ရာ EAOs အချို့အပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးက နည်းမျိုးစုံ၊ ထောက်ပံ့မှုအမျိုးမျိုးဖြင့်သိမ်းသွင်း၍ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းနှင့် အကြမ်းဖက်လုပ်ရပ်သင်တန်းများကို ပြုလုပ်စေ၍ အစိုးရရပ်တည်၍မရအောင် ဆောင်ရွက်လာခဲ့ကြသော်လည်း ပြည်သူလူထု၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ လုံခြုံရေးအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း။
  • တပ်မတော်အပေါ်တွင်လည်း နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အဖက်ဖက်မှ အောင်မြင်စွာ ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း။
  • တပ်မတော်သားများနှင့် မိသားစုအားလုံးတို့သည် အေးအတူပူအမျှဖြင့် “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်” ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်ကာလများတွင် ကျော်လွှားနိုင်ခဲ့ကြသလို ဆက်လက်၍လည်း ကျော်လွှားကြရမည်ဖြစ်ကြောင်း။
  • ပြည်ပနိုင်ငံကြီးအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မီဒီယာအရ နည်းအမျိုးမျိုးဖြင့် ဖိအားပေးရန် ကြိုးပမ်းနေမှုများကို တပ်မတော်သားများအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်က အားကိုးရသော၊ နိုင်ငံတော်နှင့်တပ်မတော်အပေါ်သစ္စာရှိသော တပ်မတော်သားများဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့်ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ နို့စားနွားနှင့် ဝက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားပြီးနောက် အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းသားစုပေါင်းစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

  • သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့်အညီ သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့်ရန်နှင့် Standard Army တည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန် ဖွံ့ဖြိုးတိုးတက်လာသည့် ကွန်ပျူတာနည်းပညာကို စနစ်တကျလေ့လာသွားရန်။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများမှတဆင့် နိုင်ငံတော်အာဏာ အရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်တိမ်းစောင်းမှုမဖြစ်ပေါ်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်း ဖြစ်။
  • အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး တို့ကို သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်းကျော်လွှား ခဲ့ပြီးဖြစ်။
  • EAOs အချို့အပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးက နည်းမျိုးစုံ၊ ထောက်ပံ့မှုအမျိုးမျိုး ဖြင့်သိမ်းသွင်း၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းနှင့် အကြမ်းဖက်လုပ်ရပ်သင်တန်းများကို ပြုလုပ်စေ၍ အစိုးရရပ်တည်၍မရအောင် ဆောင်ရွက်လာခဲ့ကြသော်လည်း ပြည်သူလူထု၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ လုံခြုံရေးအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့။
  • တပ်မတော်သားများနှင့် မိသားစုအားလုံးတို့သည် အေးအတူပူအမျှဖြင့် “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်” ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်ကာလများတွင် ကျော်လွှားနိုင်ခဲ့ကြသလို ဆက်လက်၍လည်း ကျော်လွှား ကြရမည်ဖြစ်။

Add new comment