နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ငွေကြေးထောက်ပံ့မှုရယူပြီး နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများအတိုင်း အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်ရာတွင် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများကို ကျူးလွန်လုပ်ဆောင်လျက်ရှိရာ-
- ဧပြီလ ၁ ရက်တွင် အကြမ်းဖက်သမားများက အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)၏အနောက်ဘက် ရော်ဘာခြံအတွင်းမှ ကျောင်းဝင်းအတွင်းသို့ လက်လုပ်အသံဗုံးဖြင့် လာရောက်ပစ်ခတ်၍ ရော်ဘာခြံအနောက်ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ် အသံဗုံးသည် ကျောင်းဆောင်၏ ၁၅ ပေခန့်အကွာ အုတ်တံတိုင်းဘေး မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိ။
- ဧပြီလ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အကြမ်းဖက်သမားများက တက္ကသိုလ်၏ အရှေ့ဘက် ကိုက် ၃၀၀ ခန့်အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ တက္ကသိုလ်ဝင်းအတွင်း ဗုံးသီးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိ အဆောင်အမိုးသွပ်၊ မျက်နှာကျက်၊ ပြတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ။
- ဧပြီလ ၂ ရက်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(မြောက်အင်း)အား PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဝန်းအတွင်းသို့ ၄၀ မမ ဗုံးသီးများဖြင့်ပစ်ခတ်ခဲ့ရာ ကျောင်း၏တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက်အဦများ ထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့။
- ဧပြီလ ၂ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော်တက္ကသိုလ်ဝန်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်းအနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါး မကြီးမှန်များ ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ။
- ဧပြီလ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှင့်အဆောက်အဦထိခိုက်ပျက်စီးမှုမရှိ။
- ဧပြီလ ၂ ရက်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့၊ အင်ရောရပ်ကွက် နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယို(၃၇)နှစ်နှင့် ဦးတိန်ဇာလျန် (၄၃)နှစ်တို့ ၂ ဦးသည် ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ။
NUG၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ Human Resources (HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး လျှောက်လှမ်းနေသည့် လူငယ်များ၏ကြိုးစားအားထုတ်မှုများအပေါ် မနာလိုမရှုစိတ်များ၊ ယုတ်မာပက်စက်သော အကြံအစည် များဖြင့် ဖျက်လိုဖျက်ဆီးများပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အထူးဆောင်ရွက်လျက်ရှိပြီး အထက်ပါအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ရှာဖွေဖော်ထုတ်ချေမှုန်း၊ သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက် သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားရှိပါသည်။
- ရေဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ PDF အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် နှောင့်ယှက်ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိ။
- ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၍ ၄၀ မမ ဗုံး သီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက် အဦများ ထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့။
- မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ တက္ကသိုလ်ဝင်းအတွင်း ဗုံးသီးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့်ကျောင်းရှိ အဆောင်အမိုးသွပ်၊ မျက်နှာကျက်၊ ပြတင်းတံခါးမှန်များနှင့် မီးသီး တို့ ထိခိုက်ပျက်စီးခဲ့။
- ဗန်းမော်တက္ကသိုလ်ဝန်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဘောလုံးကွင်းအနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီးမှန်များ ကွဲအက်ပျက်စီးခဲ့။
- ရေစကြိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှင့် အဆောက်အဦထိခိုက် ပျက်စီးမှုမရှိ။
- ရေဇွာမြို့၊ မြို့မရပ်ကွက်၌ ဘာသာရေးခေါင်းဆောင် ၂ ဦးသည် အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းတံခါးများပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့။
Add new comment