နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးကို ဧပြီလ ၁ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း။
  • လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတွက် မဲပေးမည့်စာရင်းဇယားများတိကျမှန်ကန်ရန်လိုအပ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း။
  • စာရင်းဇယားများ တိကျမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနများနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေး ကတ် ရှိ/မရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ/မရှိကို တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များ ကွန်ပျူတာအတွင်း ရရှိစာရင်းသွင်းပြီးပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ် မတိုင်မီ မြေပြင်စာရင်းမှန်ကန်မှု ရှိ/မရှိ ပြီးစီးအောင်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းအား လဝကပုံစံ ၆၆/၆ ၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးနိုင်မှုမရှိဘဲ ရှိ/ကောက် စနစ်ဆောင်ရွက်ခဲ့၍ မဲမသမာမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ကြောင်း။
  • ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတစေရန်အတွက် နိုင်ငံသားတစ်ဦးလျှင် တစ်ခုသာကိုင်ဆောင်ရမည့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်/မမှန် နှင့် ပုံစံ ၆၆/၆  များကို ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကြောင်း။ 
  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး မှတ်ပုံတင်ထုတ်ပေးထားသည့် စာရင်းမှာ  ၅၁ သန်းကျော်ထုတ်ပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနလုပ်အားဖြင့် ကွန်ပျူတာသို့စာရင်းသွင်းရာတွင် ယခုထိ ၂၇ သန်း ကျော်ပြီးစီး၍ ၂၄ သန်းကျော် ကျန်ရှိနေသေးသဖြင့် အချိန်မီရိုက်သွင်းကြရမည်ဖြစ်ကြောင်း။
  • ဝန်ကြီးဌာနတစ်ခုတည်းအင်အားဖြင့် ကွန်ပျူတာစာရင်းသွင်းခြင်းကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအမီ ကြိုးပမ်းလျက်ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့နယ်မြေအလိုက် ၂ လအတွင်း အချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက် ကြရန် မှာကြားလိုကြောင်း။
  • နိုင်ငံသားစိစစ်ရေးကတ်နှင့် လဝက ပုံစံ ၆၆/၆ တို့၏ ကွန်ပျူတာစာရင်းသွင်းခြင်း လုပ်ငန်းပြီးဆုံးပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
  • ကြိုတင်ဖြန့်ဝေပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အလိုက် စာရင်းဇယားများအား ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်းစပ်၍ အမြန်ဆုံးရေးသွင်းနိုင်ရေးနှင့် ဝန်ကြီးဌာန၏ Server အတွင်းရောက်ရှိရေးတို့အတွက် အားလုံးကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များနှင့် ပြဋ္ဌာန်းချက်များကိုအားလုံးသိရှိလိုက်နာနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။၊

အစည်းအဝေးသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတွက် မဲပေးမည့်စာရင်းဇယားများတိကျမှန်ကန်ရန်လိုအပ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍသည် များစွာအရေးကြီး။
  • နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များ ကွန်ပျူတာအတွင်းရရှိ စာရင်းသွင်းပြီးပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၃ ခုနှစ် မတိုင်မီ မြေပြင်စာရင်းမှန်ကန်မှု ရှိ/မရှိ ပြီးစီးအောင် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သွားကြရမည်ဖြစ်။
  • ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတစေရန်အတွက် နိုင်ငံသားတစ်ဦးလျှင် တစ်ခုသာကိုင်ဆောင်ရမည့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊မမှန် နှင့် ပုံစံ ၆၆/၆  များကို ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်။
  • ကြိုတင်ဖြန့်ဝေပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အလိုက် စာရင်းဇယားများအား  ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်းစပ်၍ အမြန်ဆုံးရေးသွင်း နိုင်ရေးနှင့် ဝန်ကြီးဌာန၏ Server အတွင်းရောက်ရှိရေးတို့အတွက် အားလုံးကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်။

Add new comment