အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကျင်းပ

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN+3 Finance and Central Bank Deputies' Meeting - AFCDM+3) အစည်းအဝေးကို  ဧပြီလ ၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီး အကဲများနှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တို့က-

  • မြန်မာနိုင်ငံအနေဖြင့် Financial resilience against climate and natural disasters  လုပ်ငန်းအဖွဲ့၏ စွမ်းဆောင်ရည်တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံ၏စီးပွားရေးပြန်လည်ဦး မော့လာစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း။
  • ကိုဗစ်-၁၉ ကာလအတွင်း ဘဏ်လုပ်ငန်းကဏ္ဍ၌ ငွေကြေးလုံလောက်မှုရှိစေရန်၊ ချေးငွေရရှိမှု အဆင်ပြေချောမွေ့စေရန်နှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်အတွက် အစိုးရငွေတိုက်စာချုပ်များဝယ်ယူခြင်း၊ သီးသန့်ငွေလိုအပ်ချက် အချိုးလျှော့ချပေးခြင်းနှင့်  အတိုးနှုန်း လျှော့ချပေးခြင်း စသည့်ငွေကြေးမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များနှင့်အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဗဟိုဘဏ်အတိုးနှုန်းကို စုစုပေါင်း (၃) ကြိမ် ၃  ရာခိုင်နှုန်းလျှော့ချသတ်မှတ်ပေးခဲ့ကြောင်း။
  • ကုန်သွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း။
  • လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုနှစ်ကုန်အထိ ပျော့ပြောင်းသော ငွေကြေးမူဝါဒ(Easing Monetary Policy) ကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။

ဆက်လက်၍  အာဆီယံ+၃ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ ရပ်များဖြစ်သည့်  အာဆီယံ+၃ မေခရို စီးပွားရေးသုတေသနရုံး (AMRO) ၏ ၂၀၂၃ ခုနှစ် အတွက် လုပ်ငန်းအစီအစဉ်၊ ဘတ်ဂျက်နှင့် ဝန်ထမ်းခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ကာလလတ် အကောင်အထည် ဖော်မှုအစီအစဉ်   (၂၀၂၂-၂၀၂၆) နှင့် AMRO ၏ စီမံခန့် ခွဲမှုအဆင့်ရာထူးရွေးချယ်မှုအစီအစဉ်နှင့် AMRO Director ၏ ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အကဲဖြတ်အချက်၊ ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (CM-IM) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းသုံး ငွေကြေးထည့်ဝင်မှု၊ မာဂျင်သတ်မှတ်မှုဆိုင်ရာ လမ်းညွှန်ချက်များ၊ (၁၃) ကြိမ်မြောက် အစမ်းလေ့ကျင့်မှုအတွက် လုပ်ငန်းအစီအစဉ်၊  အာဆီယံ+၃ အနာဂတ်ဦးစားပေးအစီအစဉ်များနှင့် အာရှငွေချေးစာချုပ်ဈေးကွက်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထား။
  • ကိုဗစ်-၁၉ ကာလအတွင်း ဘဏ်လုပ်ငန်းကဏ္ဍ၌ ငွေကြေးလုံလောက်မှုရှိစေရန်၊ ချေးငွေရရှိမှု အဆင်ပြေချောမွေ့စေရန်နှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်အတွက် အစိုးရငွေတိုက်စာချုပ်များဝယ်ယူခြင်း၊ သီးသန့်ငွေလိုအပ်ချက် အချိုးလျှော့ချပေးခြင်းနှင့်  အတိုးနှုန်း လျှော့ချပေးခြင်း စသည့်ငွေကြေးမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များနှင့်အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဗဟိုဘဏ်အတိုးနှုန်းကို စုစု ပေါင်း (၃) ကြိမ် ၃  ရာခိုင်နှုန်းလျှော့ချ သတ်မှတ်ပေးခဲ့။
  • တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့။
  • လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုနှစ်ကုန်အထိ ပျော့ပြောင်းသော ငွေကြေးမူဝါဒ(Easing Monetary Policy) ကို ဆက်လက်ကျင့်သုံးမည်ဖြစ်။

Add new comment