နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ငွေကြေးထောက်ပံ့မှုရယူပြီး နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများအတိုင်း အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်ရာတွင် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများကို ကျူးလွန်လုပ်ဆောင်လျက်ရှိရာ-
- ဧပြီလ ၁ ရက်တွင် အကြမ်းဖက်သမားများက အခြေခံပညာအထက်တန်း ကျောင်း(ရေဖြူ)၏အနောက်ဘက် ရော်ဘာခြံအတွင်းမှ ကျောင်းဝင်းအတွင်းသို့ လက်လုပ်အသံဗုံးဖြင့် လာရောက်ပစ်ခတ်၍ ရော်ဘာခြံအနောက်ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ် အသံဗုံးသည် ကျောင်းဆောင်၏ ၁၅ ပေခန့်အကွာ အုတ်တံတိုင်းဘေး မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိ။
- ဧပြီလ ၂ ရက်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(မြောက်အင်း)အား PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ စာသင်ကျောင်းဝန်းအတွင်းသို့ ၄၀ မမ ဗုံးသီးများဖြင့်ပစ်ခတ်ခဲ့ရာ ကျောင်း၏တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက်အဦများ ထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့။
NUG၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေသည့် လူငယ်များ၏ကြိုးစားအားထုတ်မှုများအပေါ် မနာလိုမရှုစိတ်များ၊ ယုတ်မာပက်စက်သော အကြံအစည်များဖြင့် ဖျက်လိုဖျက်ဆီး ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အထူးဆောင်ရွက်လျက်ရှိပြီး အထက်ပါအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ရှာဖွေဖော်ထုတ်ချေမှုန်း၊ သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက် သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားရှိပါသည်။
- ရေဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ PDF အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် နှောင့်ယှက်ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိ။
- ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၍ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက် အဦများ ထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့။
Add new comment