နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်းမှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက် ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သိရှိရပါသည်။
- ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို ၆၂ နှစ်ဟု ပြင်ဆင် သတ်မှတ်။
Add new comment