အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်များသည် မတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ -၂ က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး   တရားဥပဒေစိုးမိုးမှုရှိသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုရရှိရေးအတွက် တစ်ဖက်နှင့် တစ်ဖက်ယုံကြည်မှုပိုမို တည်ဆောက်နိုင်ရေး၊ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အခက်အခဲအတားအဆီးများ ကျော်လွှားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်များသည် မတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့။
  • တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့၊၊

Add new comment