ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မတ်လ ၃၀ ရက်တွင်  သီရိလင်္ကာနိုင်ငံ၊  ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့်ကျင်းပသည့်  ပဉ္စမအကြိမ်မြောက်  ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံသမ္မတက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များက မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင်-

  • ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သော ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် အချုပ်အခြာအာဏာ  တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်မှု၊  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊  အပြန်အလှန်လေးစားမှုနှင့် တူညီဆန္ဒ အပါ အဝင် လက်ရှိကျင့်သုံးလျက်ရှိသည့် ဘင်းမ်စတက်၏မူဝါဒများကို  ထပ်လောင်းအတည်ပြုထားကြောင်း။
  • အကြမ်းဖက်မှုဝါဒသည် လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်သည့် ကိစ္စဖြစ်ရာ  အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမည်ဖြစ်ကြောင်း။
  • ဘင်းမ်စတက်၏ “အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းနှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကွန်ဗင်းရှင်း” သက်ဝင်လာခြင်းနှင့် ယခုထိပ်သီးအစည်းအဝေးတွင် “ရာဇဝတ်မှုခင်းဆိုင်ရာ ကိစ္စရပ်များ၌ ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးမှု ဘင်းမ်စတက်ကွန်ဗင်းရှင်း” ကို လက်မှတ်ရေး ထိုးနိုင်မှုတို့ကို  ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။    

အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကိုလည်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ  မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၌  ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူမည်ဖြစ်ပါသည်။

အစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံသမ္မတက ဘင်းမ်စတက်ဥက္ကဋ္ဌရာထူးကို အလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊  ဘူတန်၊ အိန္ဒိယ၊ နီပေါ၊  သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • သီရိလင်္ကာနိုင်ငံ၊  ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့်ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့။ 
  • ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သော ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်မှု၊  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊  အပြန်အလှန်လေးစားမှုနှင့် တူညီဆန္ဒ အပါအဝင် လက်ရှိကျင့်သုံးလျက်ရှိသည့် ဘင်းမ်စတက်၏မူဝါဒများကို  ထပ်လောင်းအတည်ပြုထားခြင်းဖြစ်။
  • ဘင်းမ်စတက် ဖွဲ့စည်းပုံအသစ်အရ  မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၌  ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူမည်ဖြစ်။

Add new comment