မတ်လ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၃၀ ရက်တွင် အသင်းအဖွဲ့အသီးသီးမှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း သဘောထားများ ဆက်လက် ထုတ်ပြန်ခဲ့ရာ -
- မြန်မာနိုင်ငံစာရေးဆရာအသင်းက အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်နှင့် အကြမ်းဖက်လုပ်ဆောင်မှုမှန်သမျှကို လုံးဝ(လုံးဝ) လက်မခံကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့။
- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အများပြည်သူများကို အစဉ်အလေးထားချစ်ခင်ကြသည့် အနုပညာရှင်များအား ယခုကဲ့သို့နှောင့်ယှက်ခဲ့သော လုပ်ရပ်များအတွက် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့။
- မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်နေသည့် ယခုလိုအချိန်အခါကာလမျိုးတွင် အကြမ်းဖက်သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ခြင်း၊ ယခုကဲ့သို့ သော ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးမှုများကို လုပ်ဆောင်နေခြင်းတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများနှင့်အတူ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူလူထုတို့ဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေမှုများအပေါ် တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ပြည်သူများကလည်း ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
- အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၃၀ ရက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့က အကြမ်းဖက်လုပ်ရပ်မှန်သမျှတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများနှင့်အတူ လုံးဝ(လုံးဝ) လက်မခံဘဲ ရှုတ်ချကန့်ကွက်ကြောင်း သဘောထားများ ဆက်လက်ထုတ်ပြန်ခဲ့။
Add new comment