နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၂) ကို မတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • စားသုံးဆီနှင့်ပတ်သက်၍ ကျန်းမာရေးအတွက် တစ်ရက်လျှင် လူတစ်ဦးချင်း ဆီစားသုံးရန်လိုအပ်မှုမှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာဖြစ်ကြောင်း၊ ယင်းနှုန်းဖြင့် တစ်နိုင်ငံလုံးအတွက်ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ မိမိတို့နိုင်ငံ၏ ဆီထွက်ရှိမှုနှင့်လုံလောက်မှုမရှိဘဲ တစ်ဦးချင်းဆီစားသုံးမှုသည် မြင့်မားလျက်ရှိကြောင်း။
  • သို့ဖြစ်၍ ဆီစားသုံးမှုကို လျှော့ချရန်လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း စားသုံးဆီထုတ်လုပ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဝန်ကြီးချုပ်များက နည်းလမ်းရှာဖွေဆောင်ရွက်ကြရန်လိုကြောင်း။
  • ဆီအုန်းများစိုက်ပျိုးမှုကို စစ်ဆေးခဲ့ရာ အချို့စိုက်ပျိုးရေးမြေနေရာများတွင် အမှန်တကယ်စိုက်ပျိုးထားမှု မရှိခြင်းကြောင့် စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုအကျိုးရှိစွာအသုံးချရန်နှင့် အထွက်ကောင်းအောင်ပြုလုပ်ရန်လိုကြောင်း၊ မျိုးမကောင်းပါက မျိုးကောင်းအောင် လုပ်ရမည်၊ တစ်နိုင်ငံလုံးပျှမ်းမျှ စပါးဧက ၁၅ သန်းရှိပြီး စပါးမျိုးပေါင်းများစွာထဲမှ မျိုးကောင်းကို ရွေးထုတ်ရမည်ဖြစ်ကြောင်း။
  • ပြည်နယ်နှင့် တိုင်းတစ်ခုစီတွင် စပါးနှစ်မျိုးသာထားရှိမည်၊ ဥပမာအားဖြင့် ၂၈ မျိုး၊ နေပြည်တော်အပါအဝင် မျိုးပေါင်း ၃၀ ကို လွှမ်းခြုံနိုင်အောင် ထုတ်ပေးနိုင်ရန် စီမံရမည်ဖြစ်ကြောင်း၊ သုတေသနပြုရုံနှင့်မရကြောင်း၊ တွေ့ရှိချက်တစ်ခုနှင့်မရကြောင်း၊ မိမိတို့ဖြစ်နေပုံမှာ သုတေသနတွေ့ရှိချက်များ၊ သရုပ်ပြတာများနှင့် ပြီးသွားပြီး နောက်ကကျယ်ကျယ်ပြန့်ပြန့် လိုက်နိုင်ရန်အတွက် အားလုံးမပါလာကြောင်း၊ အားလုံးက အပေါ်ကနေခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှ လုပ်မည်ဆိုသည့် စိတ်ရှိကြောင်း၊ ဒီလိုလည်း မဖြစ်စေချင်ကြောင်း။
  • နေကြာတွင်လည်း စပ်မျိုးသည် ဒေသမျိုးထက် အထွက်နှုန်းပိုမိုကောင်းမွန်သဖြင့် ဒေသမျိုးများကိုလည်း အထွက်နှုန်းကောင်းစေရန်အတွက် စပ်မျိုးရအောင် ပြောင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းရာတွင် အစည်းအဝေးလုပ်နေရုံမျှဖြင့် မပြီးဘဲ အကောင်အထည်ဖော်ရန် လို ကြောင်း။
  • လျှပ်စစ်မီးလိုအပ်ချက်နှင့်ပတ်သက်၍ ဒီဇယ်ဆီကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲလျက်ရှိသည့် ဒေသများတွင် ဒေသအလိုက်လျှပ်စစ်မီးရရှိရေးအတွက် နေ့ပိုင်းတွင် အသုံးပြုနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း။
  • လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် လူမှုကိစ္စများ တွင် များစွာအသုံးပြုနေရကြောင်း၊ သယ်ယူပို့ဆောင်ရေးသုံး စက်သုံးဆီများနေရာတွင် လျှပ်စစ်ဓာတ်အားများဖြင့် အစားထိုးနိုင်ရေးနည်းလမ်း၊ စက်သုံးဆီဖူလုံအောင် ဆောင်ရွက်သည့်နည်းလမ်း၊ ပိုလျှံအောင်ပြုလုပ်ရသည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ လက်တလောဖြေရှင်းရာတွင် ဆိုလာမီးများဖြင့် အစားထိုးဆောင်ရွက်ခြင်း၊ ဒုတိယနည်းလမ်းမှာ နောင်နှစ်နှစ်သုံးနှစ်ခန့်တွင် ပြီးစီးလာ မည့်စီမံကိန်းများဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ အမြန်ဆုံးပြီးစီး စေရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း။
  • ပို့ကုန်နှင့်ပတ်သက်၍ စိုက်ပျိုးရေးထုတ်ကုန်များကို စနစ်တကျဖြင့်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းကုန်နှင့်ပတ်သက်၍လည်း ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ပို့ကုန်တိုးမြင့်အောင် ဆောင်ရွက်၍ အဓိကသွင်းကုန်များဖြစ်သည့် စားသုံးဆီနှင့် စက်သုံးဆီတင်သွင်းမှုများကို တတ်နိုင်သမျှ လျှော့ချရန်လိုကြောင်း။
  • စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်ကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်ကိုအသုံးချ၍ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ကိုအသုံးချ၍ အမြတ်ထုတ်ဆောင်ရွက်ခြင်းများမဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်ကောင်းစားရေးအတွက် ကိုသာရှေးရှုဆောင်ရွက်ကြစေလိုပြီး နိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ကြောင်း။
  • ဝန်ကြီးဌာနများအနေဖြင့် ဌာနပိုင်မြေနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မူလစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ စည်းကမ်းဖောက်ဖျက်မှု ရှိ/မရှိ ပြန်လည်စိစစ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
  • အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် တတ်နိုင်သမျှချွေတာသုံးစွဲကြရန်အတွက် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယင်းသို့ ချွေတာသုံးစွဲခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လုပ်ငန်းများအမှန်တကယ် တိုးတက်မှုရှိအောင် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း။
  • ၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊ သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖွင့်လှစ်ချိန်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလုံး တက်ရောက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများ အနေဖြင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင် ရွက်ထားရှိရန်လိုကြောင်း။
  • ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သင်္ကြန်ပွဲတော် ကျင်းပရာတွင် လုံခြုံရေးအသိဖြင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Confere- ncing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • ဆီစားသုံးမှုကို လျှော့ချရန်လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း စားသုံးဆီထုတ်လုပ် မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ဝန်ကြီးချုပ်များက နည်းလမ်း ရှာဖွေဆောင်ရွက်ကြရန်လို။
  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုအကျိုးရှိစွာအသုံးချရန်နှင့် အထွက်ကောင်း အောင် ပြုလုပ်ရန်လိုကြောင်း၊ မျိုးမကောင်းပါက မျိုးကောင်းအောင် လုပ်ရမည်၊ တစ်နိုင်ငံလုံးပျှမ်းမျှ စပါးဧက ၁၅ သန်းရှိပြီး စပါးမျိုးပေါင်းများစွာထဲမှ မျိုးကောင်း ကို ရွေးထုတ်ရမည်ဖြစ်
  • သယ်ယူပို့ဆောင်ရေးသုံး စက်သုံးဆီများနေရာတွင် လျှပ်စစ်ဓာတ်အားများဖြင့် အစားထိုးနိုင်ရေးနည်းလမ်း၊ စက်သုံးဆီဖူလုံအောင် ဆောင်ရွက်သည့်နည်းလမ်း၊ ပိုလျှံအောင်ပြုလုပ်ရသည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လို။
  • ၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊ သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၊ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက် ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင် ရွက်ထားရှိရန်လို။
  • ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်။

Add new comment