မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်-

  • ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနစ်ခုကို ခွင့်ပြုခဲ့။
  • အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃,၃၂၇ ဒသမ   ၄၅၅   သန်းရှိပြီး  ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၅၃ နေရာကိုဖန်တီးပေးနိုင်မည်ဖြစ်။
  • ၎င်းလုပ်ငန်းများတွင်  တည်ဆောက်ရေးကာလ  ခြောက်လအတွင်း မဂ္ဂါဝပ်  ၂၀နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်းပါဝင်ခဲ့။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်းဖြင့်လည်းကောင်း၊  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၃၈ ခုက စုစုပေါင်း ငွေကျပ် ၄၆၈,၃၉၃ ဒသမ ၅၂၈ သန်းဖြင့်လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂,၈၈၀  ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်း သစ်ခုနစ်ခုကို ခွင့်ပြုခဲ့။
  • အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး  ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို ဖန်တီးပေးနိုင်။
  • ၎င်းလုပ်ငန်းများတွင်  တည်ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ်  ၂၀နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်းပါဝင်။

 

Add new comment