ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင် မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား မတ်လ ၂၉ ရက်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ပို့ဆောင်ရန် ကြက်သွန်နီများနှင့် သံတိုသံစများ တင်ဆောင်လာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီးနှင့် အိမ်စီးမော်တော်ယာဉ် ၂ စီး တို့သည် မတ်လ ၂၉ ရက်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့် တတန်ကူးတံတားအကြားသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လမ်း၏ယာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ကားဘီးနှင့် ယာဉ်ကိုယ်ထည် တွင် ကျည်များထိမှန်ခဲ့သဖြင့် ယာဉ်များအား လမ်းမကြီးပေါ်တွင် ထိုးရပ်ကာ ယာဉ် ပေါ်မှဆင်းပြေးခဲ့ရပြီး အနီးတဝိုက်တွင် ပုန်းခိုခဲ့ရကြောင်းနှင့် KNU/ KNLA တပ်မဟာ (၆)၊ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် ယာဉ်များပေါ်တွင်ပါရှိ သည့် ငွေသားများ၊ လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများ ပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွား ပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီး စေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို တစ်ဖက်သတ်အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက် ဆီးခဲ့သည့် PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံးက လိုလားလျက်ရှိပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေလုံခြုံရေး အတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင်မော်တော်ယာဉ်များ နှင့် အိမ်စီးမော်တော်ယာဉ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက် သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ်၍ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့။
Add new comment