(၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှကြီးမှူး၍ (၂၇) ကြိမ်မြောက်  အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ  အစည်းအဝေးကို  မတ်လ ၃၀ ရက်တွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ  ကမ္ဘောဒီးယားနိုင်ငံပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနဝန်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ (၂၇) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအစည်းအဝေး၌ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်မည့် ဦးစားပေးနယ်ပယ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက-

  • ASCC အတွက်တိကျသည့် မဟာဗျူဟာကိုဖော်ဆောင်ရန်  ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုများနှင့် တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း။    
  • ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြုစေနိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများအားလုံးနှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန်ချမှတ်ထားသော ဦးစားပေးနယ်ပယ်များနှင့် အစီအစဉ်များအား ထောက်ခံ ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့က သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅)  နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၂၇) ကြိမ်မြောက်  အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ အစည်းအဝေးကို  မတ်လ ၃၀ ရက်တွင်  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပခဲ့။

Add new comment