ပခုက္ကူမြို့နယ်ရှိ ခရိုင်မြန်မာ့အာမခံရုံးအား PDF အကြမ်းဖက်သမားများက သေနတ်ပြ ခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ခရိုင်မြန်မာ့အာမခံရုံးရှိ ဝန်ထမ်းများအား မတ်လ ၂၈ ရက်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ပြခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရုံးအတွင်းရှိနေသည့် ခရိုင်တာဝန်ခံ ဒေါ်ခင်မျိုးသီ အပါအဝင် ဝန်ထမ်း ၉ ဦးတို့အား PDF အကြမ်းဖက်သမား ၇ ဦးက ရုံးအတွင်းဝင်ရောက်လာ၍ သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ် ၃,၂၃၈,၀၀၀ ကျပ်ခန့်၊ လက်ကိုင်ဖုန်း ၆ လုံး၊ မှတ်ပုံတင်နှင့် ဝန်ထမ်းကတ်များကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပါသည်။

PDF အကြမ်းဖက်သမားများသည် လက်နက်ကိုင်လမ်းစဉ်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးလိုအပ်ချက်များစွာရှိနေပြီး NUG အကြမ်းဖက်အဖွဲ့မှ ငွေကြေးထောက်ပံ့မှုမရရှိခြင်း၊ ပြည်သူလူထုထံမှ အလှူငွေများကောက်ခံ၍ မရရှိတော့ခြင်းများကြောင့် ငွေကြေး လွယ်ကူစွာရနိုင်သည့် ဘဏ်များ၊ အာမခံရုံးများအား ဓားပြတိုက်သည့် ရာဇဝတ်မှုခင်းကြီးများကို ကျူးလွန်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။    

  • မတ်လ ၂၈ ရက်တွင် ပခုက္ကူမြို့နယ်ရှိ ခရိုင်မြန်မာ့အာမခံရုံးရှိ ဝန်ထမ်းများအား PDF အကြမ်းဖက်အဖွဲ့က သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ် ၃,၂၃၈,၀၀၀ ကျပ်ခန့်၊ လက်ကိုင်ဖုန်း ၆ လုံး၊ မှတ်ပုံတင်နှင့် ဝန်ထမ်းကတ်များကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့။

Add new comment