ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
အသိပေးကြေညာချက်
၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa လျှောက်ထားရယူမှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ လွှင့် တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်းမြင့်မားလာသည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီး သွားများအပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့်သတ်ချက်များနှင့်အညီ (၂၀-၃-၂၀၂၀) ရက်နေ့ မြန်မာစံတော်ချိန် (GMT+6:30)၊ (၂၃:၅၉) အချိန်မှစတင်၍ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။
၂။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ Business Visa(လုပ်ငန်းဗီဇာ)လျှောက်ထားမှုများအား ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။ Online e-Visa (Business) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ Website လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်။
- Online e-Visa (Business) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ Website လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်။
Add new comment