ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်များအား ထောက်ပံ့ငွေများ၊ လူသုံးကုန်ပစ္စည်းများနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပြီး ကူညီပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် ယာယီနေထိုင်လျက်ရှိသော အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုနှင့် ကဇူးကိုင်းကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများမှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်အိမ်ထောင်စုဝင်များနှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင် ကြမည့် ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများ၊ လူသုံးကုန်ပစ္စည်းများနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  

  • မတ်လ ၂၆ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၃၀၇ စုတို့အတွက် ထောက်ပံ့ငွေကျပ် ၁,၅၃၅ သိန်း၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေး အပ်ခဲ့။
  • မတ်လ ၂၈ ရက်တွင် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန် အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၃၅၄ ဦးတို့အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ငွေကျပ် ၁၁,၇၆၇,၀၀၀ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း၇၃ ပုံးနှင့် အိမ်မိုးသွပ် ၁၅၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့။

ရခိုင်ပြည်နယ်တွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်နှင့်ဌာနဆိုင်ရာများ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မတ်လ ၂၉ ရက်တွင် မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အမ်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ အိမ်သုံးပစ္စည်းများကို မော်တော်ယာဉ်များပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

  • မတ်လ ၂၆ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၃၀၇ စုတို့ အတွက် ထောက်ပံ့ငွေကျပ် ၁,၅၃၅ သိန်း၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ခဲ့။
  • မတ်လ ၂၈ ရက်တွင် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန်အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၃၅၄ ဦးတို့အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ငွေကျပ် ၁၁,၇၆၇,၀၀၀ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း၇၃ ပုံးနှင့် အိမ်မိုးသွပ် ၁၅၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့။
  • ရခိုင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား တပ်မတော်နှင့်ဌာနဆိုင်ရာများ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ အိမ်သုံးပစ္စည်းများကို မော်တော်ယာဉ်များပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့။

Add new comment