နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
မတ်လ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကမ်းပါးနှီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်ဖက်သမားများ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒာစာရ(၇၆)နှစ်အား “ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ ပြောဆို၍ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ကျောင်းထိုင်ဆရာတော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသနိုင်ရေး မုံရွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပါသည်။
PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် သာသနာတော်ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့ကို အမြတ်ပြတ်ချေမှုန်းပေးရန် လိုလားလျက်ရှိပါသည်။
ဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာ ၁ ပါးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- မြိုင်မြို့နယ်၊ ကမ်းပါးနှီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်ဖက်သမားများရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒာစာရ (၇၆) နှစ်အား “ဒလန်၊ သတင်းပေး”ဟု စွပ်စွဲပြောဆို၍ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ကျောင်းထိုင်ဆရာတော်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့။
Add new comment