တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေးရည်ရွယ်၍ တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု (ဖိုရမ်) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၈ ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းအန်ဒရူး ငွန်ကျုံးလျန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကျင်းပသည့် ပထမနေ့တွင်-
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သည့်အချက်များကိုလည်းကောင်း။
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ အပိုင်း(၁) ကို လည်းကောင်း။
- တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာသုံးသပ်ခြင်း အပိုင်း(၁) အားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဖိုရမ်မှ ပညာရှင်များမျှဝေပေးသော နည်းလမ်းကောင်းများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အကျိုး ကျေးဇူးများစွာ ရရှိမည်ဖြစ်ရာ ဖိုရမ်ကို မတ်လ ၂၈ ရက်နေ့မှ ၂၉ ရက် နေ့အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
- တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးမှု (ဖိုရမ်) တွင် ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ဦးဇော်အေးမောင်တို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အကျိုးကျေးဇူးများစွာရရှိစေမည့် နည်းလမ်းကောင်းများအား ထည့်သွင်း ဆွေးနွေးခဲ့။
Add new comment