အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ-
- မတ်လ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာစီးပွားရေး တက္ကသိုလ်အား PDF အကြမ်းဖက်သမားတို့က စီးပွားရေးတက္ကသိုလ်အား လက်လုပ်စိန်ပြောင်းဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ နှင်းဆီအဆောင် အခန်းအမှတ်(၃) လူနေအိမ်အဆောက်အဦ၏ အမိုးနှင့်မျက်နှာကျက် တို့ ထိခိုက်ပျက်စီးခဲ့။
- အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားအမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ မြို့နယ်ပညာရေးမှူးရုံးအရှေ့ ခြံစည်းရိုးအပြင် ပလက်ဖောင်းအနီး ကျရောက် ပေါက်ကွဲခဲ့။
NUG၊ CRPHနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး အနာဂတ်လူငယ်များ၏ ပညာသင်ကြားမှုများကို ဖျက်ဆီးရန် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင် ကျောင်းများနှင့် ပညာရေးအဆောက်အဉီများအား ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်မှာ (၃၇၀) ကြိမ်၊ မီးရှို့ဖျက်ဆီး (၁၂၅)ကြိမ်၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှု (၁၃) ကြိမ်စသဖြင့် ပညာကဏ္ဍအပေါ် အနှောက်အယှက်ပေး ဖျက်ဆီးခဲ့ကြသည့်အပြင် ပညာရည်မြင့်မားရေး ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် အပြစ်မဲ့ပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို အသိတရားမဲ့စွာ ပြုလုပ်လျက်ရပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိပြည်သူများက ၎င်းတို့၏လုပ်ရပ်များအပေါ် စက်ဆုပ်ရွံ့ရှာမုန်းတီးလျက်ရှိပါသည်။
အထက်ပါ လုပ်ရပ်များကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အကြမ်းဖက်သမားတို့က စီးပွားရေးတက္ကသိုလ်အား လက်လုပ်စိန်ပြောင်းဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ နှင်းဆီအဆောင် အခန်းအမှတ်(၃) လူနေအိမ်အဆောက်အဦ၏ အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့။
- ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားအမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ မြို့နယ်ပညာရေးမှူးရုံးအရှေ့ ခြံစည်းရိုးအပြင် ပလက်ဖောင်းအနီး ကျရောက်ပေါက်ကွဲခဲ့။
- NUG၊ CRPHနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားမှုများကိုဖျက်ဆီးရန် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက် အဦများအား ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်မှာ (၃၇၀) ကြိမ်၊ မီးရှို့ဖျက်ဆီး (၁၂၅)ကြိမ်၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှု (၁၃) ကြိမ်စသဖြင့် ပညာကဏ္ဍအပေါ် အနှောက်အယှက်ပေးဖျက်ဆီးခဲ့။
Add new comment