အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ မတ်လ ၂၈ ရက်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က-

  • နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး။
  • နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေးအခြေအနေများ။
  • ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်သဘောထားများကို ရှင်းလင်းပြောကြားခဲ့။         

တွေ့ဆုံဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သဘောထားများကို အလွတ်သဘောဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  • တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေးအခြေအနေများ၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်သဘောထားများကို ရှင်းလင်းပြောကြားခဲ့။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သဘောထားများကို အလွတ်သဘောဆွေးနွေးပြောကြားခဲ့။
  • တွေ့ဆုံဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တက်ရောက်ခဲ့။

Add new comment