ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီအရောင်းဆိုင်တို့အား အကြမ်းဖက်သမားများက မတ်လ ၂၅ ရက်တွင် သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်ခြင်းနှင့် ဆီပန့်များအား မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့ပါသည်-
· ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် DENKO စက်သုံးဆီ အရောင်းဆိုင်အတွင်းသို့ သေနတ်၊ ဓားများ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၆ ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် ဆီဖြည့်ရန် လာရောက်သူများအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ကောင်တာအတွင်းမှ ငွေကျပ် သိန်း ၆၀ ခန့်ကို လုယက်ယူဆောင်ကာ ဆီပန့်များအား မီးတုတ် ၂ ချောင်း ဖြင့် မီးရှို့ဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ရာ အကြမ်းဖက်သမားများ၏ ဖျက်ဆီးခဲ့မှုကြောင့် ဆီပန့် ၂ ခု မီးလောင်ပျက်စီးခဲ့။
· လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီအရောင်းဆိုင်သို့ အကြမ်းဖက်သမား ၃ ဦးက ရောက်ရှိလာပြီး ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ ဆီပန့် ၃ ခုအား ဓါတ်ဆီဖျန်းမီးရှို့ခဲ့ကာ ငွေသိမ်းကောင်တာအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်လုပ်ရပ်ကြောင့် ဆိုင်ဝန်ထမ်း ၃ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီပန့် ၃ ခုနှင့် ငွေသိမ်းကောင်တာအတွင်းရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းခန့်မှန်းတန်ဖိုးကျပ်သိန်း ၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာမှ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ၄ တောင့်နှင့် ကျည်ခွံတစ်ခုတို့ သိမ်းဆည်းရရှိခဲ့။
NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုကြောင့် PDF အကြမ်းဖက်သမားများသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် အချို့ဒေသများတွင် အစိုးရပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘဏ်များ၊ စက်ရုံများ၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များအပါအဝင် ပုဂ္ဂလိကပိုင် ဈေးဆိုင်များနှင့် လုပ်ငန်းများကို မီးရှို့ဖျက်ဆီး၍ လုယက်ခြင်းများပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပါသည်။
အဆိုပါဖြစ်စဉ်များမှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီအရောင်းဆိုင်တို့အား အကြမ်းဖက်သမားများက သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင် ခြင်းနှင့် ဆီပန့်များအား မီးရှို့ဖျက်ဆီးခြင်း များကို ပြုလုပ်ခဲ့။
Add new comment