ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် မတ်လ ၂၆ ရက်တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းသတင်းစာ အာရှဒေသဗျူရိုဌာနမှူးဖြစ်သူ Mr.ONAGA,Tadao နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကိုဗစ်-၁၉ မတိုင်မီကာလ၊ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပညာရေးအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက-
· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးအနေဖြင့် တိုင်းပြည်တိုးတက်မှုအတွက် အတက်ပညာတတ်မြောက်သော အသိပညာပြည့်စုံသောပညာတတ်များပေါများရန် ပညာရေးက အရေးကြီးကြောင်း အမြဲလမ်းညွှန်လေ့ရှိကြောင်း။
· ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာချိန်တွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ဖွင့်လှစ်စေခဲ့ရာ ယခုအခါ အခြေခံပညာသင်နှစ်တစ်နှစ်ပြီးဆုံးပြီး တက္ကသိုလ်စာသင်နှစ်ပြီးဆုံးတော့မည်ဖြစ်ကြောင်း။
· ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ပညာသင်နှစ်အတိုင်း ဆက်လက်တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆရာ၊ ဆရာမအသစ်များကိုလည်း မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချကာ ခန့်ထားခဲ့ကြောင်း။
· မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဆက်ဆံလာခဲ့သော နိုင်ငံများဖြစ်သည့်အားလျော်စွာ လက်ရှိကာလတွင်လည်းကောင်း၊ နောင်ကာလများတွင်လည်းကောင်း နိုင်ငံပညာရေးအတွက် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာချိန်တွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ဖွင့်လှစ်စေခဲ့။
- ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ပညာသင်နှစ်အတိုင်း ဆက်လက်တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆရာ၊ ဆရာမအသစ်များကိုလည်း မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချကာ ခန့်ထားခဲ့။
- မြန်မာနိုင်ငံပညာရေးအတွက် ဂျပန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လို။
Add new comment