ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၂၅ ရက်အထိ လူဦးရေစုစုပေါင်း ၂၆ ဒသမ ၂၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၇၅ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၄၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၉ ဒသမ ၀၁ သန်းထိုးနှံပြီးဖြစ်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်း သား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ မတ်လ ၂၅ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၅၁၆,၇၄၈ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၆၅,၈၃၃ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၂၅ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၁,၀၂၃,၉၂၄ ဦးရှိ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၅-၇-၂၀၂၁ ရက်မှ ၂၅-၃-၂၀၂၂ ရက်အထိ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်တို့မှတစ်ဆင့် ၇၁,၁၇၆ ဦးပြန်လည်ဝင်ရောက်လာခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆,၀၄၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁၇ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၉၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၅-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၅၇၆,၉၂၄ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၀,၄၉၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၂၈ ဦးရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၂၅ ရက်အထိ လူဦးရေစုစုပေါင်း ၂၆ ဒသမ ၂၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၇၅ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄ ဒသမ ၄၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၉ ဒသမ ၀၁ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၂၅ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်း ထိုးနှံပြီးစီးသူ ၁,၀၂၃,၉၂၄ ဦးရှိ။
- ၂၅-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၅၇၆,၉၂၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၀,၄၉၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၂၈ ဦးဖြစ်ပြီး ၂၅-၃-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၉၈ ရာခိုင်နှုန်းရှိ။
Add new comment