ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ ခဲယမ်းများ၊ ဒေသခံပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံထားသည့် စားသောက်ကုန်ပစ္စည်းများသိမ်းဆည်းရမိ

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPHနှင့် PDF အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပစ္စည်းများကို ရှာဖွေဖော်ထုတ်သိမ်းဆည်းခြင်းများအပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 မတ်လ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏သတင်းပေးပို့ချက်အရ ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နှမ်းခါးကျေးရွာအနီးရှိ “စိုးမိုးသူ” ဆန်စက်နှင့် အခြေခံပညာအထက်တန်း ကျောင်း (နှမ်းခါး) တို့အတွင်းဝင်ရောက်ရှာဖွေရာ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်ခါးချိုးသေနတ် ၁ လက်၊ လက်လုပ် စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ကျည်မျိုးစုံ ၁၂ တောင့်နှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံသိမ်းယူထားသည့် ဆန် ၁၃၀ အိတ်၊ စပါး ၁,၄၀၀ တင်း၊ နေကြာ ၂ဝ တင်း၊ ဆန်ကွဲ ၃၅ တင်း၊ ဖွဲ ၂၅၀ အိတ်နှင့် စားသောက်ကုန် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည့် လက်နက်/ ခဲယမ်းများအား သက်ဆိုင်ရာသို့ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိခဲ့သည့် ဆန်၊ စပါးအပါအဝင် စားသောက်ကုန်ပစ္စည်းများအား ဒေသခံပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးရှိစိုးမိုးသူဆန်စက် နှင့် အခြေခံပညာအထက်တန်းကျောင်း (နှမ်းခါး)တွင် အကြမ်းဖက်သမားများသိုဝှက် သိမ်းဆည်းထားသည့် လက်လုပ်ခါးချိုးသေနတ် လက်၊ လက်လုပ်စိန်ပြောင်း လက်၊ လက်လုပ်မိုင်း လုံး၊ ကျည်မျိုးစုံ ၁၂ တောင့်နှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံသိမ်းယူထားသည့် ဆန် ၁၃၀ အိတ်၊ စပါး ,၄၀၀ တင်း၊ နေကြာ ၂ဝ တင်း၊ ဆန်ကွဲ ၃၅ တင်း၊ ဖွဲ ၂၅၀ အိတ်နှင့် စားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည့် လက်နက်/ ခဲယမ်းများအား သက်ဆိုင်ရာသို့ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိခဲ့သည့် ဆန်၊ စပါးအပါအဝင် စားသောက်ကုန်ပစ္စည်းများအား ဒေသခံပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးသွားမည် ဖြစ်။

Add new comment