NUG၊ CRPHနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရေးအတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ရုံးဌာနအဆောက်အဦများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများနှင့် ရဲစခန်းများအား လက်လုပ်မိုင်း/ဗုံးများ အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်-
- မတ်လ ၂၃ ရက်တွင် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူ-ပေါက် အများပြည်သူသွားကားလမ်းအား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် ကတ္တရာလမ်းအနည်းငယ် ပျက်စီးခဲ့။
- မတ်လ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲစခန်းအား PDF အကြမ်းဖက်သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိ သေးသည့် လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအေးချမ်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- မတ်လ ၂၃ ရက်တွင် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူ-ပေါက် အများပြည်သူသွားကားလမ်းအား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ကတ္တရာလမ်းအနည်းငယ် ပျက်စီးခဲ့။
- မတ်လ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ မြို့နယ် ရဲစခန်းအား PDF အကြမ်းဖက်သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
Add new comment