(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖွင့်ပွဲများကျင်းပ

၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လမ်းပန်းဆက်သွယ်ရေးအပါအဝင် ပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖွင့်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ - မောတောင်လမ်းပေါ်ရှိ အရှည် ၇၈၇ ပေ ဗောဓိကမ်းတံတားနှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း- အုန်းတောကမ်းလမ်းပေါ်ရှိ အရှည် ၁၂၀၀ ပေ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်လှစ်၊၊
  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန် - စစ်တွေ ကားလမ်းမကြီးဘေးရှိ ကွန်းတောင်ကျေးရွာ ကွန်ကရစ်လမ်းသစ်ကို မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ၎င်းလမ်းသည် အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၄ ပေ ရှိ၊၊
  • မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅) ရှိ အရှည် ၉၃၈၅ ပေ၊ အကျယ် ၄၀ ပေ၊ ထု ၃ လက်မရှိ စန္ဒာလမ်းနှင့် အရှည် ၄၂၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၃ လက်မ ရှိ မဟာအံ့ထူးကံသာဘုရားလမ်းတို့အား ဖွင့်လှစ်ခဲ့၊၊
  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဟူးမွန်ကျေးရွာရှိ ဟူးမွန် - မန်နားလမ်း ကတ္တရာလမ်းသစ်ကို မတ်လ ၂၅ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ၎င်းလမ်းသစ်သည် အရှည် ၉၆၂၇ ပေ၊ အကျယ် ၁၂ ပေ ရှိပြီး စုစုပေါင်း ငွေကျပ် ၁၂၁၃.၄ သိန်း ကုန်ကျခဲ့၊၊
  • ရခိုင်ပြည်နယ်၊ ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း RBE ရထားခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၁၀-၄-၂၀၂၀ ရက်နေ့မှစ၍ ယာယီရပ်နားခဲ့ရာ မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့၊၊
  • မန္တလေး-သူရဲဈေးလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE  ရထားခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၉-၂-၂၀၂၁ ရက်နေ့မှစ၍ ယာယီရပ်နားခဲ့ရာ မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့၊၊
  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ခရိုင်စီမံကိန်းဦးစီးရုံး၌ ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်နှင့် တောင်ယာကုန်းကျေးရွာအတွင်းရှိ ကွန်ကရစ်လမ်း သစ်အား မတ်လ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့၊၊
  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအတွက် လှိုင်မြစ်-လှော်ကား ရေအားဖြည့်စက်ရုံအား မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့၊၊
  • အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့်မှီခိုသူ မိသားစုဝင် စုစုပေါင်း ၂၅၀ ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ပြီး My Home အထည်ဆိုင်မှ စုပေါင်းသွေးလှူဒါန်းပွဲအတွက် ငွေကျပ် ၂၅ သိန်း ပေးအပ်လှူဒါန်းခဲ့၊၊

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှုးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ - မောတောင် လမ်းပေါ်ရှိ အရှည် ၇၈၇ ပေ ဗောဓိကမ်းတံတားနှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း- အုန်းတောကမ်းလမ်းပေါ်ရှိ အရှည် ၁၂၀၀ ပေ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်လှစ်၊၊
  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန် - စစ်တွေ ကားလမ်းမကြီးဘေးရှိ ကွန်းတောင်ကျေးရွာ ကွန်ကရစ်လမ်းသစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)ရှိ စန္ဒာလမ်းနှင့်  မဟာအံ့ထူးကံသာဘုရားလမ်းတို့အား ဖွင့်လှစ်ခဲ့၊၊
  • ရခိုင်ပြည်နယ်၊ ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း RBE ရထား ခရီးစဉ်နှင့် မန္တလေး-သူရဲဈေးလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲ၊၊
  • အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ မိသားစုဝင်စုစုပေါင်း ၂၅၀ ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ပြီး My Home အထည်ဆိုင်မှ စုပေါင်းသွေးလှူဒါန်းပွဲအတွက် ငွေကျပ် ၂၅ သိန်း ပေးအပ်လှူဒါန်းခဲ့၊၊

Add new comment