နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ။
  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးပြီး/ ရေးထိုးခြင်းမပြုသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ။
  • စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ညှိနှိုင်းရေးကော်မတီနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့မှုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ။
  • ပါတီများနှင့် တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးသွားရန် ဆောင်ရွက်နေသည့်အခြေအနေများ။
  • ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိမှုနှင့် တိုင်းရင်းသားပြည်သူအားလုံးပါဝင်သည့် ကာကွယ်ရေးစွမ်းအားတို့အတွက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြည်သူ လူထု၏ စီးပွားရေးနှင့်ကူးသန်းဆက်သွယ်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ့မီးရထားကို ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေသည့် အခြေအနေများ။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရည်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများ။
  • အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (CTFMR) တို့အကြား သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ။
  • လတ်တလောပျံ့နှံ့နေသည့် ငွေတုကိစ္စနှင့်ပတ်သက်သော သတင်းများသည် online လိမ်လည်မှုများဖြစ်သည့်အတွက် ဖမ်းဆီးဖော်ထုတ်ခဲ့မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြော ကြားခဲ့။
  • NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ဓားပြတိုက် ဆက်ကြေးကောက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုများကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့။

 သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

 သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက် သတင်းရယူခဲ့ကြကြောင်းသိရှိရပါသည်။

  • မတ်လ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုများ၊ အချိုးကျ ကိုယ်စားပြု (PR) စနစ် ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့။
  • NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှုများစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုများကို Power Point Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့။

 

Add new comment