ကျန်းမာရေးဝန်ကြီးဌာနက သစ်လွင်သားဖွားများ ခန့်အပ်တာဝန်ပေးအပ်ခြင်း အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက-
-
သင်တန်းဆင်း သစ်လွင်သားဖွားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် အရည်အသွေးပြည့်ဝသော သားဖွားဆရာမများအဖြစ် သူနာပြုသားဖွား သစ္စာအဓိဋ္ဌာန်နှင့်အညီ လိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
-
နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမများကို ဝတ်စုံစရိတ်၊ စားစရိတ်များနှင့် ညတာဝန်ကျစရိတ်များ တိုးမြှင့်ပေးသည့်အပြင် ဝန်ထမ်းအိမ်ရာများကို ထပ်မံဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အခမ်းအနားတွင် သင်တန်းဆင်းအောင်မြင်သူ ၁၄၈ ဦးတို့အား သစ်လွင်သားဖွား ခန့်အပ်တာဝန်များပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သူနာပြုတက္ကသိုလ် ၂ ခု၊ သူနာပြုသင်တန်းကျောင်း ၂၇ ကျောင်း၊ သားဖွားသင်တန်းကျောင်း ၂၃ ကျောင်း၊ နှီးနွှယ် သင်တန်းကျောင်း ၃ ကျောင်း၊ စုစုပေါင်း ၅၃ ကျောင်းတို့မှ ယနေ့အထိ စုစုပေါင်းသူနာ ပြု/သားဖွား ၄၁,၄၄၂ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
- အခမ်းအနားတွင် သစ်လွင်သားဖွား ၁၄၈ ဦးတို့အား ခန့်အပ်တာဝန်များပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အထိ စုစုပေါင်းသူနာပြု/သားဖွား ၄၁,၄၄၂ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့။
Add new comment