မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို မတ်လ ၂၂ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ လူဝင်/ထွက်စစ်ဆေးရေးစခန်း (POE) ရှိ မောင်တောနယ်စပ်ဆက်ဆံရေးရုံး၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် တာဝန်ရှိသူများက နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း နယ်စပ်ဖြတ်ကျော်မှုခင်းများမဖြစ်ပွားစေရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးထိန်းသိမ်းပေးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ အကြား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးရေး၊ နယ်စပ်ဒေသနေပြည်သူများကို အသိပညာပေးရေး၊ ARSA နှင့် RSO အကြမ်းဖက်အုပ်စုများက နယ်နိမိတ်မျဉ်းကို တရားမဝင်ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းကျူးလွန်သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦးကို အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်) သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- မတ်လ ၂၂ ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ကျင်းပခဲ့။
- မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၁ ဦးကို အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်) သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့။
Add new comment