ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွား လုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံသို့တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မတ်လ ၂၃ ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်း ဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံ” သို့  နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာခန်းမ မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

ညီလာခံ၏ အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်တွင်-

  • တောင်တန်းခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုဗစ်ကာလအလွန် ဆောင်ရွက်သွားမည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များ။
  • ဆီးနှင်းနှင့် တောင်တန်းဆိုင်ရာခရီးစဉ်များတွင် အသုံးပြုသည့် လိုအပ်သောပစ္စည်းကိရိယာများ၊ အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ နှင်းလျှောစီးအပန်းဖြေစခန်းများ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ဆီးနှင်းရှုခင်းများ ကြည့်ရှုနိုင်သည့်နေရာများ၊ နှင်းလျှောစီးအပန်းဖြေစခန်းများတွင် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ။
  • ခရီးသွားလုပ်ငန်းကဏ္ဍတွင် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်း ကိစ္စများအပြင် အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်းနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။

ညီလာခံကို ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ခရီးသွားဧည့်သည်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ခရီးသွားအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများပြုလုပ်ခြင်း၊ ရေရှည်တည်တံ့မှုနှင့် ဒစ်ဂျစ်တယ် နည်းပညာပြောင်း လဲအသုံးပြုမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ မတ်လ ၂၃ ရက်မှ ၂၄  ရက်အထိ (၂) ရက်တာကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်၊ အန်ဒိုရာနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်နိုင်ငံ ယဉ်ကျေးမှုနှင့် အားကစား ဝန်ကြီး၊ စပိန်၊ ဂရိ၊ ဆလိုဗေးနီးယား၊ ပြင်သစ်၊ နော်ဝေ၊ အီတလီနိုင်ငံတို့မှ ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကခရီးသွားနှင့် နည်းပညာဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ ညီလာခံ”ကို ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ခရီးသွားဧည့်သည် များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ခရီးသွားအရင်းအမြစ်များ ထိန်းသိမ်း ကာကွယ်ခြင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက် များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများပြုလုပ်ခြင်း၊ ရေရှည်တည်တံ့မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲအသုံးပြုမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ မတ် ၂၃ ရက်မှ ၂၄  ရက်အထိ (၂) ရက်တာ ကျင်းပခဲ့။

Add new comment