နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို မတ်လ ၂၄ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများနှင့် ဟာသတစ်ခန်းရပ်ပြဇာတ်တို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို မတ်လ ၂၄ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့။
  • နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများနှင့် ဟာသတစ်ခန်းရပ်ပြဇာတ်တို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့။

Add new comment

Switch to plain text editor